Monday, September 1, 2014

လီဗာပူးက တော့တင်ဟမ်အသင်းကို ၃ ဂိုးပြတ်ဖြင့် အနိုင်ရ

သြဂုတ် ၃၁ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လီဗာပူးက တော့တင်ဟမ်ကို အဝေးကွင်းမှာ စတာလင်၊ ဂျရတ်နဲ့ မိုရီနိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ ဂိုးပြတ် အနိုင်ရသွားပါတယ်။
Tottenham-v-Liverpoolအက်စတွန်ဗီလာက အိမ်ကွင်းမှာ ဟာစီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အာစင်နယ်ကတော့ အဝေးကွင်းမှာ လက်ဆက်စတာနဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။
လီဗာပူးက ဒီပွဲနိုင်လို့ ၆ မှတ်ရပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး ဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၃ မှတ်အကွာမှာ ရှိနေပါတယ်။ အာစင်နယ်က ၅ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။

No comments:

Post a Comment