Tuesday, September 2, 2014

ပညာရေးဥပဒေမူကြမ်း ဒဂုံတက္ကသိုလ်မှာ ကန့်ကွက်ဆန္ဒပြ

ရန်ကုန်မြို့က တက္ကသိုလ် ကျောင်းသား သမဂ္ဂတွေ စုပေါင်းပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားတဲ့ အမျိုးသား ပညာရေး ဥပဒေ မူကြမ်းကို ပယ်ဖျက်ပြီး အသစ်ပြန်လည် ရေးဆွဲပေးဖို့ ဒီနေ့ ဒဂုံ တက္ကသိုလ်ထဲမှာ တက္ကသိုလ် ကျောင်းသားတွေ လမ်းလျှောက်ဆန္ဒပြ ခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသား ပညာရေး ကော်မရှင်နဲ့ အဆင့်မြင့် ပညာရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဖျက်သိမ်းပေးဖို့၊ လွှတ်တော်၊ အစိုးရနဲ့ NNER တို့ပါဝင်တဲ့ အမျိုးသား ပညာရေး ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။


No comments:

Post a Comment