Friday, September 12, 2014

ဖျော်​​ဖြေ​ရေးမီဒီယာ​တွေကို က​လေးများ တ​နေ့၂နာရီထက်​ပိုမသုံးသင့်


က​လေးသူငယ်​​တွေရဲ့ ​ဖျော်​​ဖြေ​ရေး မီဒီယာအသုံးပြုမှု (တီဗီကြည့်​တာက​နေ ဂိမ်း၊ ဖုန်း၊ တက်​ဘလက်​၊ကွန်​ပျူတာသုံးစွဲ မှုအားလုံး)ကိုတ​နေ့၂နာရီထက်​မပို​စေ သင့်​ဘူးလို့ အ​မေရိကန်​က​လေး​ဆေးပညာ အကယ်​ဒမီက ထုတ်​ပြန်​တဲ့​မူဝါဒစာတမ်း မှာလမ်းညွန်​ထားပါတယ်​။၂နှစ်​​အောက်​ က​လေး​တွေကို​တော့ ​ဖျော်​​ဖြေ​ရေး မီဒီယာ ​တွေလုံးဝမသုံး​စေသင့်​ဘူးလို့လည်း သတိ ​ပေးထားပါတယ်​။ အချိန်​အများဆုံးသုံးတာက TV ကြည့်​တာဖြစ်​​ပေမဲ့ အိုင်​တီ​ခေတ်​မှာ စမတ်​ ဖုန်း​တွေက​ပေါ​ပေါလူလူရ​နေ​တော့ သူတို့ ဆီက တတ်​နိုင်​ကြသူ​တွေက က​လေး​တွေ ငြိမ်​​နေပြီး​ရော အကုန်​ဆင်​​ပေးထားကြတာ ကပြဿနာဖြစ်​​လာ​နေပြီလို့ဆိုပါတယ်​။ နုနယ်​​သေးတဲ့ ဒီအရွယ်​မှာ မီဒီယာပစ္စည်း ​တွေအရမ်းသုံးတာဟာ အ၀လွန်​မှု၊အအိပ်​ အ​နေနည်းမှုက​နေ ကြမ်းတမ်းခက်​ထန်​မှု ပတ်​၀န်းကျင်​ နဲ့ထိ​တွေ့ဆက်​ဆံမှု၊အားနည်း တာ​တွေအထိဖြစ်​လာ​စေနိုင်​တယ်​လို့သတိ ​ပေးထားပါတယ်​။ ​ဖျော်​​ဖြေ​ရေးမီဒီယာ​တွေကို သုံးတာမှာ မိသားစုအလိုက်​ အသုံးပြုတာ ကိုများများလုပ်​​ပေးဖို့ (ဥပမာ-တီဗီအတူုကြည့်​တာ ၊သူတို့ဆီမှာက တစ်​​ယောက်​ တလုံး ကိုယ့်​အခန်းနဲ့ကိုယ်​ထား​ပေးထား ကြတာ)မီဒီယာသုံးစွဲမှု ​တွေကိုဒီအတိုင်း လွှတ်​မထားဖို့ သတိ​ပေးထားပါတယ်​။လူမှု​ ​ရေးက​နေ ပညာ​ရေးအထိ ထိခိုက်​နိုင်​ပြီး စိတ်​ပိုင်းဆိုင်​ရာကိုပါ သက်​​ရောက်​မှုရှိလာ နိုင်​​တာ​ကြောင့်​ ဒီမှာလည်း က​လေး​တွေငြိမ်​ ​နေပြီး​ရော လွှတ်​​ပေးတာ​တွေသတိပြုသင့်​ တယ်​လို့ထင်​ပါတယ်​။


































No comments:

Post a Comment