ထိုင်းမြန်မာ နယ်စပ် မြ၀တီမြို့မှာ အစိုးရစစ်တပ်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်
တပ်တို့ ပါဝင်တဲ့ ပူးပေါင်း တပ်ဖွဲ့များနှင့် ကေအန်အယ်အေ ငြိမ်းချမ်းရေး
ကောင်စီတို့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၁၁ ကျော်က ပစ်ခတ်မှု ဖြစ်ပွား
ခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် စာသင်ကျောင်းတချို့ ပိတ်လိုက်ပြီး
မြို့ခံလူထုတချို့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
မြန်မာအစိုးရစစ်တပ်မှ မြ၀တီမြို့ပေါ်ရှိ နေရာတချို့တွင် လုံခြုံရေး
ရယူထားလိုက်ပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကရင်တောကျေးရွာ
အနီးမှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) နဲ့ အစိုးရတပ်အကြား
တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။


No comments:
Post a Comment