Monday, September 8, 2014

ဘရာဇီးနှင့်ပွဲတွင် ထုတ်ပယ်ခံရသော ကွာဒရာဒို၏ အနီကတ် မျှတမှုမရှိဟု ကိုလံဘီယာနည်းပြပြော

ယမန်နေ့က ဘရာဇီးကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲ၌ တောင်ပံကစားသမား ဟွမ်ကွာ ဒရာဒို အနီကတ်ပြခံခဲ့ရခြင်းမှာ မျှတမှုမရှိဟု ကိုလံဘီယာနည်းပြဟိုဆေးပီကာမန်က ယုံကြည်နေသည်။
ကမ္ဘာ့ဖလား ကွာတားဖိုင် နယ်တွင် ဘရာဇီးကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် မီယာမီ Sun Life ကွင်း၌ ပထမဆုံး နိုင်ငံတကာပွဲအဖြစ် ပြန်လည်ကစားသော ကိုလံဘီယာမှာ နေမာ၏ တစ်လုံးတည်းသောဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ပီကာမန်၏အသင်းမှာ ပွဲ ကစားချိန် ၄၉ မိနစ်တွင် နေမာအ ပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့၍ ကွာဒရာဒို နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံလိုက်ရပြီးနောက် ယိမ်းယိုင်သွားခဲ့သည်။ ပီကာမန်ကမူ ယင်းအနီ ကတ်မှာ တရားမျှတမှုမရှိဟု ပွဲအ ပြီးတွင် ပြောသည်။
‘‘ကွာဒရာဒိုရဲ့ အနီကတ်က ကျွန်တော်တို့ရဲ့ အခွင့်အရေးကို ပျက်စီးစေခဲ့တယ်။ ပွဲမှာလည်း မြင်နိုင်ပါတယ်။ အဲဒါဟာ ထုတ် ပယ်လောက်အောင် ပြင်းထန်တဲ့ ပြစ်ဒဏ်ကျူးလွန်မှု မဟုတ်ပါဘူး’’ဟု ကိုလံဘီယာနည်းပြ ပီကာမန် က ပြောသည်။  
 

No comments:

Post a Comment