Sunday, September 28, 2014

မြိုင်မြို့နယ်၌ မိုးရွာထဲ ဖုန်းပြောနေသူတစ်ဦး ဖုန်းပေါက်ကွဲကာသေဆုံး

မြိုင် စက်တင်ဘာ ၂၇

မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် မြိုင်မြို့နယ် လက်ယက်မကျေးရွာ၌ စက်တင်ဘာ ၂၆ ရက်က အမျိုးသား တစ်ဦး ဖုန်းပြောနေစဉ် မိုးကြိုး ပစ်သဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လက်ယက်မ ကျေးရွာနေ အောင်စိုး(၂၄)နှစ်သည် မိုးရွာနေစဉ် ကျေးရွာ အထက်တန်း ကျောင်း၏ မြောက်ဘက် လမ်းမပေါ်တွင် လမ်းလျှောက် ရင်း လက်ကိုင်ဖုန်းဖြင့် စကားပြောနေစဉ် လျှပ်စီးဝင်၍ ဖုန်းပေါက်ကွဲကာ ဝဲဘက်နားထင် သွေးယိုစီးဒဏ်ရာ၊ ဝဲနားရွက် ညိုမည်း ဒဏ်ရာများဖြင့် လဲကျသေဆုံး ခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မြိုင်မြို့နယ် လင်းကတောနယ်မြေ ရဲစခန်းမှ ရဲအုပ်မင်းယုနိုင်က တိုင်တန်းခဲ့ သဖြင့် မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်း မှသေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။


ဖုန်းပြောနေသူ တဦး


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment