Monday, September 29, 2014

ဆန္ဒပြသူတွေကို ဟောင်ကောင်ရဲတွေ ဖြိုခွင်း

ဟောင်ကောင်မြို့ရဲ့ ​စီးပွားရေးအချက်အချာ ​ကျတဲ့ ​နေရာမှာ ​လူပေါင်း ​သောင်းနဲ့ချီ ​ဆန္ဒပြနေကြတာဟာ ​တရားမဝင်တဲ့ ​လုပ်ရပ်ဖြစ်တယ်ဆိုပြီး ​ဆန္ဒပြနေတဲ့ ​လူအုပ်ကြီးကို ​ဟောင်ကောင် ​ရဲတွေက ​မျက်ရည်ယိုဗုံးတွေနဲ့ ​ဖြိုခွင်းခဲ့ပါတယ်။

ဟောင်ကောင်မြို့လယ်ရှိ ​အစိုးရရုံးစိုက်ရာ ​နေရာမှာ ​ဆန္ဒပြနေတဲ့ ​လူအုပ်ကြီးကို ​ရဲတွေက ​ငရုပ်သီးလို ​အရည်တွေ ​အရင်သုံးပြီး ​လူစုခွဲခဲ့သလို ​အဲဒီနောက်မှာတော့ ​မျက်ရည်ယိုဗုံးတွေနဲ့ ​ဒီမိုကရေစီကို ​လိုလားကြောင်း ​ ဆန္ဒပြသူတွေကို ​ဖြိုခွင်းခဲ့ပါတယ်။

ဟောင်ကောင်မှာ ​၂၀၀၅ ​ခုနှစ်နောက်ပိုင်း ​ရဲတွေက ​ပထမဆုံးအကြိမ်အဖြစ် ​မျက်ရည်ယိုဗုံးတွေကို ​အသုံးပြုခြင်း ​ဖြစ်ပါတယ်။

ဆန္ဒပြနေကြတဲ့ ​ကျောင်းသားတွေကတော့ ​ထီးတွေနဲ့ ​မျက်နှာဖုံးတွေကို ​အကာအကွယ်အဖြစ် ​အသုံးပြုခဲ့ကြပါတယ်။

အဲဒီလို ​ဖြိုခွင်းမှုအတွင်း ​အနည်းဆုံး ​လူ ​၃၀ ​လောက် ​ဒဏ်ရာရပြီး ​ဆေးကုသမှု ​ခံယူနေပါတယ်။

စီးပွားရေးအချက်အခြာ ​ကျတဲ့ ​နေရာတဝိုက်မှာ ​ဆန္ဒပြမှု ​ဖြစ်နေတဲ့အတွက် ​လူသွားလူလာ ​များတဲ့ ​ရုံးဖွင့်ရက် ​မတိုင်ခင်မှာ ​ရဲတွေက ​လူစုခွဲခဲ့တာ ​ဖြစ်ပါတယ်။

ဆန္ဒပြမှုအတွင်း ​လူအယောက်ပေါင်း ​၈၀၀၀၀ ​(ရှစ်သောင်း) ​လောက် ​ပါဝင်မယ်လို့ ​ခန့်မှန်းထားကြပါတယ်။

ဆန္ဒပြသူတွေကတော့ ​၂၀၁၇ ​ခုနှစ်မှာ ​ကျင်းပမယ့် ​ရွေးကောက်ပွဲမှာ ​တရားမျှတမှုရှိပြီး ​ဟောင်ကောင်ပြည်သူတွေ ​ကြိုက်နှစ်သက်ရာ ​ခေါင်းဆောင်ကို ​ရွေးကောက်တင်မြောက်ခွင့်ပေးဖို့ ​၈ ​ရက်ကြာ ​တောင်းဆို ​ဆန္ဒပြကြတာ ​ဖြစ်ကြောင်း ​အေဘီစီ ​သတင်းထောက် ​Sarah ​Clark ​က ​ဟောင်ကောင်မြို့ကနေ ​သတင်းပေးပို့ထားပါတယ်။


ရဲတွေ လူစုခွဲနေစဉ် မြင်ကွင်း


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment