Tuesday, September 30, 2014

အိုင်အန်ဂျီအိုဝန်ထမ်းများ ၀င်ငွေခွန်ဆောင်ရရန် အခွန်ဦးစီးဌာန ထုတ်ပြန်

မြန်မာနိုင်ငံတွင်းက နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း (အိုင်အန်ဂျီအို) မှာ အလုပ်လုပ်ကိုင် နေသူတွေ အနေနဲ့ ၀င်ငွေခွန် ပေးဆောင်ကြဖို့ ပြည်တွင်း အခွန်ဦးစီး ဌာနက တိုက်တွန်း လိုက်ပါတယ်။

ဘာသာရေး၊ ကုသိုလ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဆင်းရဲနွမ်းပါးသူတွေကို ကယ် ဆယ် စောင့်ရှောက် ရေး စတဲ့ အများပြည်သူ အကျိုးအ တွက် ထောက်ပံ့ မှုတွေ ပြုလုပ်နေတဲ့ အိုင်အန်ဂျီအိုတွေကို တည်ဆဲ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ၀င်ငွေခွန်ဥပဒေတွေအရ အခွန်ကင်းလွတ်ခွင့် အရင်က ပေးထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၁၉၅၄ ခုနှစ် ကုလသမဂ္ဂ အခွင့်အရေးများနဲ့ ကင်းလွတ်ခွင့်များ အက်ဥပဒေ၊ ၁၉၆၁ ခုနှစ် သံတမန်ဆက်ဆံရေးနဲ့ စပ်လျဉ်းတဲ့ ဗီယင်နာကွန်ဗန်းရှင်း သဘောတူစာချုပ်၊ ၁၉၆၃ ကောင်စစ်ဝန် ဆက်ဆံရေးနဲ့ စပ်လျဉ်းတဲ့ ဗီယင်နာ ကွန်ဗန်းရှင်းသဘောတူစာချုပ်တွေအရ ၀င်ငွေခွန် ကင်းလွတ်ခွင့် မပြုထားတဲ့ အိုင်အန်ဂျီအိုအဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေအနေနဲ့ ၀င်ငွေခွန် ပေးဆောင်ဖို့ တာဝန်ရှိတဲ့အကြောင်း ပြည်တွင်းအခွန်များ ဦးစီး ဌာနက အသိပေးစာတစောင် ထုတ်ပြန်ထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment