ဖမ်းဆီးမိတဲ့ စက်လှေဟာ တရားမ၀င် ငါးခိုးဖမ်းတဲ့ စက်လှေဖြစ်ပြီး စက်လှေပေါ်မှာ ဦးဝင်းမြင့် အေးရိပ်ငြိမ်ရပ်ကွက်၊ ကော့သောင်းမြို့ နယ် နေသူ အပါအ၀င် လှေသား ၅ ဦးနဲ့ အတူ ငါးဖမ်းပစ္စည်း ကရိယာတွေလည်း တွေ့ ရှိခဲ့ပါတယ်။
စက်လှေရဲ့ ပဲ့နင်းဖြစ်တဲ့ ထိုင်းနိုင်ငံသား အော့ကစ်ဝှမ်းခမ်း (ရနောင်းမြို့ မှာနေထိုင်သူ) ကိုတော့ လှေဦးတိုင်မှာ ကြိုးနဲ့ တုတ်နှောင်ထားတာ တွေ့ ရပါတယ်။ လှေသားတွေ ပြောပြချက်အရ အဆိုပါ စက်လှေဟာ တရားမ၀င် ငါးခိုးဖမ်းလှေ ဖြစ်ပြီး မြန်မာရေပိုင်နက် အတွင်းမှာ မကြာခဏ ၀င်ရောက် ငါးခိုးဖမ်းလေ့ ရှိကြောင်း၊ ပဲ့နင်းဟာ မြန်မာ နိုင်ငံသား လှေသားတွေကို မကြာခဏ ရိုက်နှက် အနိုင်ကျင့်ခြင်းများကြောင့် မကျေနပ်လို့ စက်တင်ဘာ (၂၄)ရက်နေ့ က မြန်မာရေပိုင်နက် အတွင်းကို ငါးဖမ်းဖို့ ထိုင်းနိုင်ငံက ထွက်ခွာလာစဉ် ပဲ့နင်းကို ဖမ်းဆီးတုတ်နှောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
စက်တင်ဘာလ(၂၅)ရက်နေ့ မှာတော့ အဆိုပါ စက်လှေပေါ်ပါ တရားခံ(၆)ဦးကို ကော့သောင်းမြို့ မ ရဲစခန်းမှာ ငါးလုပ်ငန်း ဥပေဒေတွေ နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း ခိုင်လုံတဲ့ သတင်းရပ်ကွက်ကနေ သစ်ထူးလွင်မှ စုံစမ်းသိရရှိရပါတယ်။
![]() |
ထိုင်းငါးဖမ်းလှေများ ။ |
No comments:
Post a Comment