မော်လမြိုင်ကျွန်း စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကျွန်းသာယာကျေးရွာနေ ကိုလှထူး၏
လိုင်းဖုန်းအမှတ် ဝ၉၄၉ ....သို့ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာအခွန်ဝန်ကြီးဌာနမှ
ညွှန်ကြားရေးမှူးချုပ်နှင့် ထိုသူ၏ ကိုယ်ရေးအရာရှိဟု ပြောဆိုသူနှစ်ဦးက
စက်တင်ဘာ ၂ဝ ရက် ညနေ ၄ နာရီ ခန့်က ဖုန်းဆက်ပြီး အကြီးအကဲ၏ လမ်းညွှန်ချက်အရ
ဖုန်းနံပါတ်ပေါင်း ၂ဝဝဝ ကျော်ကို ကံစမ်းမဲနှိုက်ရာတွင် သုံးကြိမ်စလုံး
ကိုလှထူး၏ ဖုန်းနံ ပါတ်မဲပေါက်သဖြင့် ကျပ်သိန်း ၁၅ဝဝ ရရှိမည်ဖြစ်ကြောင်း၊
၎င်းတို့ထံ ဘဏ်မှ အခွန်ငွေ ကျပ် ၁၅ သိန်း လွှဲပြောင်းပေးပြီးပါက
အခွန်ပြေစာများနှင့်အတူ ကျပ်သိန်း ၁၅ဝဝ အား ကိုလှထူးထံ
ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ထို့ကြောင့် စက်တင်ဘာ ၂၃ ရက် နံနက် ၉ နာရီခွဲတွင် မော်လမြိုင်ကျွန်းမြို့
ကမ္ဘာ့ရတနာ ဘဏ်ခွဲသို့ ကိုလှထူးရောက်ရှိလာပြီး မြို့နယ်မန်နေဂျာထံ
မိမိဖုန်းကံစမ်း မဲပေါက်သဖြင့် ငွေကျပ် ၁၅ သိန်း လွှဲရမည်ဖြစ်၍ ငွေလွှဲ၍ ရ၊
မရမေး မြန်းရာ ဘဏ်ခွဲမန်နေဂျာက ကမ္ဘာ့ ရတနာဘဏ်ရုံးချုပ်သို့ ဖြစ်စဉ်ကို
ဆက်လက်တင်ပြခဲ့ကြောင်း၊ ထို့နောက် ဘဏ်ရုံးချုပ်နှင့် ရန်ကုန် မြို့
လမ်းမတော်ရဲစခန်းတို့ ပူးပေါင်း ညှိနှိုင်းစီစဉ်မှုဖြင့် ရန်ကုန်မြို့
ညောင်ပင်လေးဈေး ကမ္ဘာ့ရတနာဘဏ်ခွဲ၌ ကျပ်ငွေ ၁၅ သိန်း ငွေလွှဲထုတ်ယူ သည့်
ဒေါ်နွယ်နီအောင် နိုင်ငံသားအမှတ် ၁ဝ / သထန(နိုင်)....ကိုယ်တိုင် စက်တင်ဘာ ၂၃
ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် လွှဲငွေ ၁၅ သိန်းကို ထုတ်ယူချိန်တွင်
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ ငွေလိမ်ထုတ် သူ ဒေါ်နွယ်နီအောင်ကို လမ်းမတော် ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

No comments:
Post a Comment