Tuesday, September 2, 2014

အောင်ဘာလေထီ တိုးထုတ်တော့မည်

လာမယ့် အောက်တိုဘာလမှာ အကြိမ် ၃၁၀ မြောက် အောင်ဘာလေ ထီဖွင့်ပွဲကနေ စပြီး နဂို အက္ခရာ ၃၅ လုံး ထုတ်လုပ် ရောင်းချပေး နေရာကနေ အက္ခရာ အလုံး ၄၀ ထုတ်လုပ် ရောင်းချပေး တော့မယ်လို့ ပြည်တွင်း အခွန်ဦးစီး ဌာနက ကြေညာ ပါတယ်။


နဂိုက ထီလက်မှတ်စောင်ရေ ၃၁ သန်းခွဲ ရောင်းချပေးနေ ရာကနေ အောက်တိုဘာ အတွက် စောင်ရေ ၃၆ သန်း ရောင်းချပေးမယ့် သဘော ဖြစ်ပါတယ်။

ဒီအတွက် နဂိုထီရောင်းရငွေ ၅ ဒသမ ၇ ဘီလီယံနီးပါး ရနေရာ ကနေ အောက်တိုဘာ ထီရောင်းရာကနေ ၆ ဒသမ ၅ ဘီလီယံကျော် ရလာမှာ ဖြစ်ပြီး ကျပ်ငွေ သန်း ၉၀၀ နီးပါး ပိုရလာမှာ ဖြစ်ပါတယ်။

ဒီအတွက် ထီရောင်းရာကနေ အစိုးရအတွက် အခွန်အဖြစ် နဂိုက ၁ လ ၂ ဒသမ ၃ ဘီလီယံနီးပါး ရနေရာကနေ အောက်တိုဘာမှာ ၂ ဒသမ ၇ ဘီလီယံနီးပါး ရလာတော့မှာ ဖြစ်ပါတယ်။


No comments:

Post a Comment