
သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ပြည်သူအများ ဖေ့စ်ဘွတ်ခ်သုံးရင်း ရေနှင့်နီးသောနေရာများတွင်လမ်းမလျှောက်ကြရန်ရဲများကသတိပေးနေ ရသည်။အကြောင်းမှာ ထိုင်ဝမ်မှ ကမ္ဘာလှည့်ခရီးသည်တစ်ဦး ဆိပ်ခံတံတားပေါ်တွင် ဖေ့စ်ဘွတ်ခ်သုံးကာ လမ်းလျှောက်ရင်း ရေထဲပြုတ်ကျမှုဖြစ်ပွားခဲ့သောကြောင့်ဖြစ်သည်။
မဲလ်ဘုန်းမြို့ ဖိလစ်ပင်လယ်အော်ဆိပ်ကမ်း စိန့်ကီလ်ဒါ ဆိပ်ခံတံတားပေါ်တွင် ထိုင်ဝမ်ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတစ်ဦးဖုန်းဖြင့် ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုကြည့်ကာ လ၃မ်းလျှောက်ရင်း ရေထဲချော်ကျခဲ့ခြင်းဖြစ်သည်။မြင်လိုက်ရသူများက ရဲကိုအကြောင်းကြားသဖြင့်ရေထဲပြုတ်ကျပြီး မိနစ် ၂၀ခန့်နေမှ စပိဘုတ်ဖြင့်ကယ်ဆယ်ခဲ့ရသည်။ အမျိုးသမီးကိုကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့ပို့ပေးခဲ့ကာကျန်းမာရေးမစိုးရိမ်ရကြောင်း သြစတေးလျ အေဘီစီသတင်းဌာနကဖော်ပြချက်အရသိရသည်။၎င်းကြောင့် အလုပ်ရှုပ်သွားရသည့်အတွက် တောင်းပန်ပါကြောင်းဖြင့် ထိုင်ဝမ်အမျိုးသမီးကပြောသည်။
အမျိုးသမီးသည် ရေထဲကျသွားစဉ်တစ်လျှောက်လုံး လက်ကိုမြှောက်ထားသဖြင့် ဖုန်းပျက်စီးခြင်းမရှိကြောင်းလည်း အခင်းဖြစ်ပွားရာမဲလ်ဘုန်းမြို့ ဗစ်တိုးရီးယားအရပ် ရဲဌာန အကြီးအကဲ ကယ်လီကပြောသည်။
No comments:
Post a Comment