Friday, September 12, 2014
မိန်းကလေးမွေးသောကြောင့် ဇနီးဖြစ်သူကို သုံးနှစ်ကြာ ချုပ်နှောင်ထား
အိန္ဒိယနိုင်ငံက အမျိုးသမီးတစ်ဦးကို ၄င်းရဲ့အမျိုးသားက အခန်းထဲမှာ သုံးနှစ်ကြာချုပ်ထားခဲ့ပြီး အကြောင်း အရင်းမှာ မိန်းကလေးမွေးတာကြောင့်လို့ ဆိုပါတယ်။
DailyMail ရဲ့ဖော်ပြချက်အရ ၂၅ နှစ်အရွယ် ဒီအမျိုးသမီးကို တွေ့ရှိချိန်မှာ ရှည်လျားနေတဲ့ ဆံပင်များ၊လက် သည်းများနဲ့ နေရောင်ကြောင့် မျက်လုံးတောင် မဖွင့်နိုင်ဘူးလို့ဆိုပါတယ်။
သမီးရဲ့အခြေအနေကို အဖေဖြစ်သူ သိရှိသွားရာကနေ ရဲတွေက Patna မြို့က သူမရဲ့အိမ်ကို ဝင်ရောက်စီး နင်းခဲ့ကြတာ ဖြစ်ပါတယ်။
သမီးဖြစ်သူနဲ့လည်း သုံးနှစ်လုံးလုံး ပေးမတွေ့တာကြောင့် ကလေးက အမေဖြစ်သူကို မမှတ်မိတဲ့အခါမှာ သူမက အကြီးအကျယ် ငိုနေခဲ့တယ်လို့ဆိုပါတယ်။
မင်္ဂလာဆောင်တုန်းကလည်း ကျေနပ်လောက်တဲ့ လက်ဖွဲ့ကြေး မတင်နိုင်ခဲ့တာကြောင့် အဆက်မပြတ်နှိပ် စက်မှုတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
“ကလေးကို ကြည့်ခွင့်မပေးဘူး။ စားကြွင်းစားကျန် တွေကိုတောင် ပုံမှန်မပေးဘူး။ လက်ဖွဲ့များများ ယူမလာ တာရယ်၊ မိန်းကလေးမွေးတာရယ်ကြောင့် သူယောက္ခမတွေက လက်စားချေကြတဲ့ ပုံပါပဲ” လို့ ရဲအရာရှိ Seema Kumari က ပြောကြားခဲ့ပါတယ်။
“မိဘတွေနဲ့လည်း သူ့ကို တွေ့ခွင့်မပေးဘူး။ သူ့ကိုတွေ့ဖို့ ဆွေမျိုးတွေဘာတွေ လာလည်ရင်လည်း ပြော လွှတ်ရင်လွှတ်၊ မလွှတ်ရင် မောင်းထုတ်ကြတယ်”လို့ ရဲအရာရှိ Kumari က ဆိုခဲ့ပါတယ်။
အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ Prabhat Kumar Singh ဆိုသူကိုတော့ ထိန်းသိမ်းထားခဲ့ပြီလို့ ဆိုပါတယ်။
အမျိုးသမီးရဲ့မိဘတွေဘက်က တရားစွဲထားတာကြောင့် ယောက္ခမတွေဟာလည်း စစ်ဆေးမှုကို ခံယူ သွားရမယ်လို့ ဆိုပါတယ်။
No comments:
Post a Comment