Saturday, September 27, 2014

Chat ချစ်သူများအတွက် Google+ Hangouts

Google talk ကိုယ်စား Google မှ Chat ဝါသနားအိုးများအတွက် Google+ Hangouts ဗားရှင်းအသစ် ထုပ်ပေးလိုက်ပါပြီ။ Hangouts ထွက်ပြီးနောက်ပိုင်း လက်ရှိအသုံးပြုနေတဲ့ Gtalk ကို ထပ်မံလုပ်ပေးဖို့ အစီအစဉ် မရှိတော့ဘူးလို့ သိရပါတယ်။ Gtalk ချစ်သူတွေအတွက်တော့ လွမ်းစရာကြီးပေါ့ နော် :P အသစ် အသစ်တွေကိုသာ လက်ခံလာတဲ့ ခေတ်မှာ Google ကလည်း Gtalk ကိုယ်စား အသွင်သစ် အမြင်သစ်ဖြစ်စေဖို့ ဒီဇိုင်းအသစ်နဲ့ ထွက်ရှိလာပါပြီ။ 
Sign in ဝင်ရာ လက်ရှိအသုံးပြုနေတဲ့ Gtalk ထက် အလုပ် ပိုပါတယ်။ အရင် မြန်မာလို ပြောင်းထားတဲ့ အကောင့်နာမည်နဲ့ ဝင်လို့မရပါဘူး။  Viber လိုမျိုး ဖုန်းနံပါတ်နဲ့ Access Code တောင်းပါတယ်။ အလွယ်ကြိုက်တဲ့ ကျနော်တို့အတွက်တော့ သိပ့်ပြီး အဆင် မပြေလှပါဘူး။ Gtalk ထက် အနည်းငယ် အလုပ်ပိုပါတယ်။ 
Video Call နဲ့ Emotions ပါဝင်လာလို့ သုံးစွဲသူတွေ စိတ်ဝင်စားကြမယ်လို့ မျှော်လင့်ပါတယ်။ 

PC အတွက် သုံးမယ်ဆိုရင် Chrome Web Browser ရှိထားရပါမယ်။ ကျန်တာကတော့ ထူးထူးခြားခြား မရှိလှပါဘူး။ ကဲ သုံးကြည့်ကြပေတော့ဗျာ........ :)

Hangouts >> Download For Android
Hangouts >> Download For iPhone
Handouts >> Download For PC (Chrome)

အဆင်ပြေပါစေ....


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment