Sunday, September 28, 2014

DKBA လက်နက်ကိုင် ၃ ဦး ကော့ကရိပ်မြို့နယ်မှာ ဖမ်းဆီးရမိ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က  စစ်ဆေးရေးဂိတ်မှာ DKBA  သွေး စည်း ညီညွတ်ရေး လက်နက်ကိုင်အဖွဲ့က တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိပါတယ်။

သူတို့ ၃ ဦးကို စက်တင်ဘာလ ၂၈ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲမှုးချုပ် စိုးမြိုင်က RFA ကို အခုလို အတည်ပြု ပြော ပါတယ်။

"ဖမ်းမိတာမှန်ပါတယ်၊ သုံးယောက်လို့ အတည်ပြုနိုင်ပါတယ်၊ DKBAလို့အတည်ပြုနိုင်တယ်၊ သို့သော်လည်း လုံခြုံရေးနဲ့လည်းပတ်သက်တဲ့အတွက် ကျနော်တို့အခု မပြောနိုင်သေးဘူးပေါ့နော်၊ သို့သော်ပြောခွင့်ရှိတဲ့အခါ အပြည့်အစုံပြော ဆိုလည်း ပြောပါမယ်ခင်ဗျ"

ပြီးခဲ့တဲ့ရက်ကလည်း မြ၀တီမြို့မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင်တစ်စုအကြား တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

အယ်လ်ခိုက်ဒါ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဇာဝါဟရီနှင့်DKBA တို့ပူးပေါင်းနေကြောင့်  မြန်မာနိုင်ငံစစ်ဘက်မှ စုံစမ်းသိရှိခဲ့ပြီးနောက်  နောက် ပိုင်း အစိုးရက ကရင်ပြည်နယ် မြ၀တီနယ်စပ်အပါအ၀င် အရေးကြီးတဲ့နေရာတွေမှာ လုံခြုံရေးကို အထူးသတိထားပြီး တင်းကြပ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment