
Facebook သုံးပြီး သူများတွေအကြောင်းစပ်စုဖူးကြမှာပါ။ကျွန်တော်လည်းလုပ်ဖူးသလို သင်လည်းလုပ်ဖူးမှာပါ။ Facebook Graph Search
ကို သုံးရင်ပို ပြီးတောင်စပ်စုလို့ ကောင်းသေး။Facebook
အောင်မြင်နေရတဲ့အကြောင်းအရင်းတွေ ထဲက အချက်တစ်ချက်က စပ်စုတတ်တဲ့ လူ
့သဘာဝကို Facebook မှာ ထိရောက်စွာအသုံးချထားတာလို့ ထင်ပါတယ်။
စပ်စုတာတော့ဟုတ်ပါပြီ။ သင်စပ်စုထားတဲ့ Search History ကို Facebook က
သိမ်းထား ပါတယ်။ “Only me” အနေနဲ့ ကန့် သတ်ထားတဲ့အတွက် သူများတွေ တော့
မသိနိုင်ပါဘူး။ ဒါပေမယ့် သင့် အကောင့်ကို ၀င်ကြည့်တဲ့ သင့်ချစ်သူ၊
သူငယ်ချင်းတွေက တွေ့ သွားနိုင်ပါတယ်။အဲဒီ Search History ကို ဖျက်ပစ်ဖို့ 
အောက်မှာဆက်ဖတ်ပါ။
သင့် Wall က Activity Log ကိုနှိပ်ပါ။
Activity Log မှာ သင့် Posts, Like , Comments တွေ ကအစအားလုံးကို သိမ်းထားတာပါ။ဘယ်ဘက် Sidebar က MORE ကိုနှိပ်ပါ။
Search ကိုနှိပ်ပါ။
အဲဒီမှာ သင့် Search History အားလုံးကို ရက်စွဲအလိုက်တွေ့ မြင်နိုင်ပြီး Clear Searches ကိုနှိပ်ပါ။

Clear Searches ကို နှိပ်ရင် သင့် Search History အားလုံးကို ဖျက်ပစ်မှာပါ။

Search History က သင် Search လုပ်ထားပြီးမမှတ်တော့တဲ့ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို ပြန်ရှာဖို့ လည်းအသုံးဝင်ပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment