Friday, September 12, 2014

Frozen အား ဘ​ရော့ဒ်​​ဝေး​တွင်​ စင်​တင်​ပြသမည်



ယမန်နှစ်ကုန်ခါနီးတွင် ရုံတင်ပြသခဲ့ပြီး ယခုနှစ်ဆန်းတွင်ပါ အောင်ပွဲခံနေသည့် ဒစ်စနေ၏ အန်နီ မေးရှင်းဇာတ်ကား "Frozen" အားဘရော့ဒ် ဝေးတွင် စင်တင်ပြသရန်စီစဉ်နေကြောင်း သတင်းရင်းမြစ်များကဆိုထားသည်။ ဒစ်စနေ၏ စီအီးအိုနှင့် အကြီးအကဲဖြစ်သူ ရောဘတ် အစ် ဂါက ဘရော့ဒ်ဝေးတွင် စင်တင်ပြသရန်အတွက် အ စောပိုင်းဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း အတည်ပြု ပြောကြားထားသည်။ သို့သော် အချိန် သတ်မှတ်ထားခြင်းမရှိဘဲ မြန်ဆန်မှုထက် ကောင်းမွန်မှုကိုသာ တောင်းဆိုကြောင်း ယင်းကဆိုထားသည်။



ဒစ်စနေသမိုင်းတစ်လျှောက် ထွက်ရှိခဲ့သည့် အန်နီ မေးရှင်း ဇာတ်ကားတို့အနက် အောင်မြင်မှုအရှိဆုံး အန်နီမေးရှင်းဇာတ်ကားအဖြစ် ရပ်တည်နေသည့် "Frozen"သည် ဒစ်စနေ အန်နီမေးရှင်း ဇာတ် ကားတို့အနက် စတင်ရုံတင်ပြသသည့်သီတင်းပတ် ၀င်ငွေအများဆုံးဇာတ်ကားအဖြစ် ရပ်တည် ထားနိုင်သကဲ့သို့ နိုင်ငံတကာ ရုံဝင်ငွေမှလည်းရုံဝင် ငွေဒေါ်လာ ၆၆၉ သန်းကိုရရှိပြီးဖြစ်သည်။ ထို့အပြင် လက်ရှိအချိန်တွင် ဒစ်စနေ၏ ရုံဝင်ငွေအများဆုံး အန်နီမေးရှင်းဇာတ်ကားအဖြစ်ရပ်တည်နေသည့် "The Lion King" ဇာတ်ကား၏ ရုံဝင်ငွေဒေါ်လာ ၉၈၇ သန်းတို့ကို ကျော်ဖြတ်နိုင်ဖွယ်ရှိသည် ဟုလည်းမှန်းဆထားကြသည်။ ဘရော့ဒ်ဝေးတွင် စင်တင်ပြသခြင်းကလည်း "Frozen" ၏၀င်ငွေစုစု ပေါင်းကို ဒေါ်လာတစ်ဘီလီယံကျော် အထိသို့လည်း ရောက်ရှိသွားနိုင်သေးသည်။

"Frozen" သည် ရုံဝင်ငွေဇယားတွင်ကြီးစိုး နေရုံသာမကဘဲ ယင်း၏ ဇာတ်ဝင်တေးအယ်လ် ဘမ်မှာလည်း အမေရိကန်ဂီတဇယားများတွင် ဦး ဆောင်နိုင်ခဲ့သေးသည်။ "Frozen" ၏ ဇာတ်ဝင်တေးများကို တိုနီဆုရှင် အန်ဗနျူ ကျူကယင်း၏ဇနီးဖြစ်သူနှင့် ရေးသားခဲ့သည်။

စာရေးဆရာ အန်ဒါဆင်၏ ပုံဝတ္ထုကို အသက်သွင်းထားသည့် "Frozen" သည် ရုံဝင်ငွေဇယား လေ့လာဆန်းစစ်သူများအား မျက်စိလည် စေခဲ့သည့် ဇာတ်ကားလည်းဖြစ်သည်။ ပုံမှန် အားဖြင့်ဆိုသော် ဇာတ်ကားတို့သည် ရုံဝင် ငွေဇယားပထမနေရာမှ အောက်သို့ကျဆင်းပြီးပါက ထိပ်ဆုံးသို့ ပြန်တက်သည့်ထုံးစံမရှိချေ။ သို့သော် "Frozen" မှာမူ ထိပ်ဆုံးတွင်ရပ်တည်၊ ထို့နောက် အခြားဇာတ်ကားများအား နေရာဖယ် ပေး၊ တစ်ဖန် ထိပ်ဆုံးသို့ပြန်လည်ရောက်ကာ ရုံဝင် ငွေဇယား လေ့လာဆန်းစစ်သူများအား မျက် စိလည်စေခဲ့သည်။ လက်ရှိအချိန်တွင် "Frozen" သည် ရုံဝင်ငွေဇယား ဒုတိယနေရာတွင် ရပ်တည် နေသည်။

No comments:

Post a Comment