Monday, September 1, 2014

၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများအတွက် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်


၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများအတွက် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ရန် ဆောင်ရွက်

အသစ်ထွက်ရှိသော ၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ရန် စတင်ဆောင်ရွက် လိုက်ကြောင်း သိရသည်။


  http://www.topup.com.mm/ဝက်ဘ်ဆိုက်မှ တစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါ 
ဝက်ဘ်ဆိုက်အနေဖြင့် GSM, WCDMA, CDMA 800 MHz, CDMA 450 MHz ဖုန်းများအား 
အွန်လိုင်းမှ ငွေဖြည့်သွင်းနိုင်ရန် ဆောင်ရွက်ခဲ့ရာမှ အသစ်ထွက်ရှိသော တန်ဖိုးနည်း GSM ဖုန်းများအတွက်လည်း ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ GSM MEC Tel - CDMA 800 MHz မိုဘိုင်းကွန်ရက်အတွက် အဆိုပါ ဝန်ဆောင်မှု ရရှိဦးမည် မဟုတ်ကြောင်း၊ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး ငွေဖြည့်သွင်းကာ ငွေပေးချေရန်အတွက် Myan Pay Online Payment Gateway အသုံးပြုထားကြောင်း Myan Pay ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အွန်လိုင်းမှ ငွေဖြည့်သွင်းရာတွင် တစ်ခါတစ်ရံ၌ မိုဘိုင်းဖုန်းလိုင်းများ လိုင်းကျပ်၍သော်လည်းကောင်း၊ မိမိအသုံးပြုသောဖုန်းသည် ဆက်သွယ်ရေးဧရိယာပြင်ပသို့ ရောက်ရှိနေ၍သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် အွန်လိုင်းမှ ငွေဖြည့်သွင်း၍ မရခြင်းမျိုး ဖြစ်ပေါ်နိုင်ကြောင်း၊ အဆိုပါအခြေအနေတွင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော သို့မဟုတ် Email သို့ ရောက်ရှိလာသော Top Up Card အချက်အလက်ကို ကိုယ်တိုင်အသုံးပြု၍ ငွေဖြည့်သွင်းပေးရမည်ဖြစ်ကြောင်းhttp://www.topup.com.mm/ တွင် ဖော်ပြထားသည်။

No comments:

Post a Comment