Monday, September 29, 2014

IS အန္တရာယ် အမေရိကန် လျှော့တွက်

အင်အားနည်းနေတဲ့ ဆီးရီးယားနိုင်ငံမှာ Islamic State လို အစွန်းရောက်အဖွဲ့တွေ စုစည်းနေတဲ့ အတိုင်းအတာကို သူရော အမေရိကန်ထောက်လှမ်းရေး အကြီးအကဲတွေပါ လျှော့တွက်ခဲ့မိတယ်လို့ အမေရိကန်သမ္မတ Barack Obama ကပြောကြားခဲ့ပါတယ်။

အမေရိကန်မှာ တနင်္ဂနွေနေ့ညပိုင်း ထုတ်လွှင့်မယ့် CBS ရုပ်သံနဲ့ မေးမြန်းခန်းမှာ သမ္မတအိုဘားမားက စစ်သွေးကြွတွေအပေါ် အီရတ်စစ်တပ်တခုတည်း တွန်းလှန်တိုက်ခိုက်နိုင်စွမ်းကိုလည်း အမေရိကန်အစိုးရက မှားယွင်း တွက်ချက်ခဲ့မိတယ်ဆိုတာကို ဝန်ခံပြောဆိုထားပါတယ်။

အမေရိကန်ဦးဆောင်ပြီး အနောက်နိုင်ငံတွေနဲ့ အာရပ်မဟာမိတ်နိုင်ငံတွေက Islamic State စစ်သွေးကြွပစ်မှတ်တွေအပေါ် တနင်္ဂနွေနေ့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ပြီးလုပ်နေကြပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တူရကီနဲ့ နယ်စပ်နားမှာရှိတဲ့ ရေနံချက်စက်ရုံတွေကို ထိမှန်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့ နိုင်ငံတွေအပေါ် လက်တုံ့ပြန်မယ်လို့ ဆီးရီးယားက စစ်သွေးကြွအဖွဲ့တခုဖြစ်တဲ့ al-Nusra တပ်ဦးအဖွဲ့က စနေနေ့က ပြောကြားခဲ့ပါတယ်။

ဆီးရီးယားကာ့ဒ်တွေနဲ့ Islamic State စစ်သွေးကြွတွေရဲ့ တိုက်ပွဲကို စောင့်ကြည့်နေတဲ့ တူရကီကာာ့ဒ်များ။ (စက်တင်ဘာ ၂၈၊ ၂၀၁၄)


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment