Sunday, September 28, 2014

KNU တပ်ကြပ်တဦး အသတ်ခံရမှု စုံစမ်းစစ်ရေးမှု ပြုလုပ်လျှက်ရှိ

စက်တင်ဘာ - ၂၈ - ၂၀၁၄

ယခုလ ၁၆ ရက်နေ့က နယ်ခြားစောင့်တပ်၏ ဖမ်းဆီးခြင်း ခံရကာ ပျောက်ဆုံး နေရာမှ သောင်းရင်းမြစ် အတွင်း အလောင်းပြန်တွေ့သည့် KNU တပ်မဟာ ၆ မှ တပ်ကြပ်စောတာနိုနှင့်ပတ်သက်၍ တာဝန်ရှိ သူများက အမှုမှန် ပေါ်ပေါက်ရေး အတွက် အထူးစီမံချက်ဖြင့် ဆောင်ရွက်နေသည်ဟု သိရှိရသည်။

ပျောက်ဆုံးသူ၏အလောင်းကို ယခုလ ၂၂ ရက်နေ့က သောင်ရင်းမြစ်အတွင်း ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ အမှတ် (၁၀၂၂) နယ်ခြားစောင့်တပ်ရင်းမှ တာဝန်ရှိသူများက အမှုနှင့် ဆက်စပ်မှုရှိသည်ဟု သင်္ကာမကင်းခံရသူ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦးကို ယခုရက်ပိုင်းအတွင်းက ၎င်းတပ်ရင်းအတွင်း ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

သင်္ကာမကင်းမှုဖြင့် စစ်ဆေးခြင်းခံနေရသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦးမှာ မြ၀တီအခြေစိုက် အမှတ် (၁၀၂၂) တပ်ရင်းမှ တပ်ဖွဲ့ဝင်များဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ တာဝန်ရှိသူများကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့တခု ဖွဲ့စည်းထားပြီး မကြာမီအစီရင်ခံစာတစောင် ထုတ်ပြန်ရန်ရှိသည်ဟု သိရှိရသည်။


ဓါတ်ပုံ - လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက သင်္ကာမကင်းမှုဖြင့် စစ်ဆေးခံနေရသူ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦး။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment