မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ မိုဘိုင်းဖုန်းဆင်းကတ်တွေကို နဂိုက
ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကတဆင့် မဲနှိုက်ရောင်းချပေးနေရာကနေ
မြန်မာ့ဆက်သွယ်ရေး နဲ့ အကျိုးတူလုပ်ငန်း လုပ်ကိုင်နေတဲ့ မိုဘိုင်းဖုန်း
ဟန်းဆက် အရောင်းဆိုင်တွေကနေတဆင့် ဒီနေ့ စတင်ရောင်းချနေပါတယ်။
3G ဂျီအက်စ်အမ် ဆင်းကတ်တွေကို ကျပ်ငွေ ၁၅၀၀ နဲ့ ရောင်းချပေးမှာဖြစ်ပြီး
အနယ်နယ် အရပ်ရပ်က အီလိုက်၊ တာမိုးညဲချမ်း သာ၊ အေးရှားမီဂါလင့်ခ်
အရောင်းဆိုင်တွေမှာ ၀ယ်ယူနိုင်ပါတယ်။
ဝယ်ယူရာမှာ မှတ်ပုံတင်ကတ်ပြား မူရင်းနဲ့ မိတ္တူ၊ ပတ်စ်ပို့ ဓာတ်ပုံနှစ်ပုံ
ယူလာရမှာဖြစ်ပြီး အချက်အလက် ပုံစံမှာ စာရင်းဖြည့်စွက်ပြီးတာနဲ့
ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။
ရောင်းချပေးမယ့် ဆင်းကတ်တွေဟာ အင်တာနက် သုံးနိုင်ဦးမှာ မဟုတ်ပဲ အင်တာနက်
သုံးလိုရင် ခါတိုင်းလိုပဲ ကျပ်ငွေ ၁ သောင်း သွင်းပြီး လျှောက်ထား ရမယ်လို့
မြန်မာ့ ဆက်သွယ်ရေး သတင်းစုံစမ်းရေး စင်တာက ဖြေကြားပါတယ်။
No comments:
Post a Comment