Sunday, September 28, 2014

NLD ပါတီဝင်ဟောင်းများ စုစည်းပြီး ပါတီသစ် ဖွဲ့စည်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေ စုစည်း ပြီးတော့ ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ကို ရန်ကုန်မြို့ ယုဒဿန်ခမ်းမမှာ ဒီနေ့ အစည်းအဝေး ကျင်းပပြီး ဖွဲ့စည်း လိုက်ပါတယ်။

အဲ့ဒီပါတီမှာ နာယကအဖြစ် ဦးဆောင်မယ့် ဦးစောနိုင်းနိုင်းက အဖွဲ့ဖွဲ့လိုက်တာနဲ့ ပတ်သက်ပြီး RFA ကို ပြောပါတယ်။

"ကျနော်တို့ အခုဖွဲ့တာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြင်ပရောက်နေတဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ စုစည်းတယ်၊ ရှေ့လျှောက်ကို ပါတီနိုင်ငံရေးမှာ ဘာတွေလုပ်သင့်လဲ၊ ဘယ်နည်းဘယ်ပုံစံ ပူးပေါင်းဆောင်ရွက်မလဲ၊ မကြာခင် ကျနော်တို့ နောက်ထပ်တိုးချဲ့ပြီးတော့ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတစ်ခုက နိုင်ငံရေးပါတီလုပ်မလား၊ ဒါမှမဟုတ် လွှတ်တော်ပြင်ပကနေ နိုင်ငံရေးပါတီမဟုတ်ဘဲနဲ့ လုပ်မလား ဒါကိုကျနော်တို့ ဆုံးဖြတ်ကြတယ်"

အဲဒီပါတီရဲ့ ကြေညာချက်မှာ ပြည်တွင်းငြိမ်းချမ်းရေး၊ တစ်မျိုးသားလုံးပါဝင်တဲ့ ပြည်ထောင်စု ညီလာခံကျင်းပရေး၊ အမျိုးသားရေးတန်းတူမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ဆိုတာတွေကို ဖေါ်ပြထားပါတယ်။

နိုင်ငံရေးပါတီတစ်ခုအနေနဲ့ မှတ်ပုံတင်ပြီး လာမယ့်ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ နောက်လာမယ့်အစည်းအဝေးတွေမှာ ဆုံးဖြတ်သွားမယ်လို့ ဦးစောနိုင်းနိုင်းက ပြောပါတယ်။

NLD ပါတီဝင်ဟောင်းတွေဖြစ်ကြတဲ့ ဦးစောနိုင်းနိုင်းက နာယကအဖြစ် ဦးဆောင်ပြီး ဥက္ကဌ ဒေါက်တာသက်မင်း၊ ဒုဥက္ကဌ ဒေါက်တာဇော်မြင့်၊ အထွေထွေအတွင်းရေးမှုး ဦးအောင်သူရ၊ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့် တို့နဲ့ ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment