Tuesday, September 30, 2014

မူးယစ်ဆေးဝါး ပတ်သက်သူများ ကြီးလေးသည့် ပစ်ဒဏ် ပေးမည်ဟု SSPP/SSA ထုတ်ပြန်ကြေငြာ

စက်တင်ဘာ ၃၀ ရက် ၂၀၁၄

သျှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ပေါများပြီး တမျိုးသားလုံး၏ ရန်သူဖြစ်လာသောကြောင့် လူထုတောင်းဆိုချက်အရ SSPP/SSA မှ အထူးစီမံချက်ဖြင့် တိုက်ဖျက်သွားမည်ဖြစ်ပြီး ပတ်သက်ဆက် နွယ်သူများအား ကြီးလေးသည့်ပစ်ဒဏ်ပေးသွားမည်ဟု ပြောသည်။

မူစယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မိုင်းရယ်၊ ကျေးသီး မြို့နယ် အတွင်းနေ ဒေသခံ များ တောင်းဆိုချက်ကြောင့် မူးယစ်ဆေးဝါးများ၊ ပတ်သက်ဆက်နွယ်သူများအား ထိရောက်စွာ အရေး ယူမည်ဆိုသည့်အကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA က စက်တင်ဘာ ၂၅ ရက် ၂၀၁၄ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာထားသည်။

“ဘိန်းစိုက်နေတာက တောင်ပေါ် နဲ့ ကျေးလက်တွေပေါ့။ ဒါပေမယ့် ဓါတုပစ္စည်းနဲ့လုပ်တဲ့ မူးယစ်ဆေး ဝါး တွေကတော့ တောရောမြို့ပါ ပျံ့နှံ့နေပြီ။ မူးယစ်ဆေးစွဲမိရင် ကျည်တစ်ထောင့် ခန္ဓာကိုယ်ထဲဝင်သွား သလိုပါဘဲ။ မူးယစ်ဆေးဟာ တမျိုးသားလုံးရဲ့ အန္တရာယ်ဖြစ်လာနေပြီ။ ဒါကြောင့် ထိထိရောက်ရောက် တိုက်ဖျက်နိုင်မှဘဲ ဖြစ်တော့မယ်” - ဟု SSPP/SSA ဗဟိုကော်မတီဝင် အရာရှိတဦးက ပြောသည်။

သျှမ်းပြည်တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးများအား တပ်ဖြင့်လည်းကောင်း၊ အုပ်ချုပ်ရေးပိုင်း ဖြင့် လည်းကောင်း၊ လူထုနှင့်တိုက်ရိုက်ဆက် သွယ်ဟောပြော ပညာပေးခြင်းဖြင့် လည်းကောင်း စတင် လုပ်ဆောင်သွားမည်ဟုဆိုသည်။ ထိုသို့ ပညာပေးပြီးနောက်ပိုင်း ကျူးလွန်သူများတွေ့ရှိပါက ထိရောက် စွာ ဖမ်းဆီးပစ်ဒဏ်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment