နိုင်ငံတကာတွင်ရှိသော နာမည်ကျော်ဟက်
ကာများစွာစုစည်းထားသည့် ကမ္ဘာ့သြဇာ
အကြီးမားဆုံး Anonymous မှဟက်ကာအ
ချို့သည် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏
တရားဝင် website ကိုတိုက်ခိုက်လိုက်
ကြောင်းသိရသည်။Anonymous အ
ဖွဲ့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း
စင်ကာပူနိုင်ငံ၏ နာမည်ကျော်သတင်းမီဒီ
ယာ website ဖြစ်သည့် စထရိတ်တိုင်းမ်
အား အွန်လိုင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး
ယခုအခါဝန်ကြီးချုပ်ဘက်သို့ လှည့်လာခဲ့
ခြင်းလည်းဖြစ်သည်။စထရိတ်တိုင်းမ်website အတိုက်ခံရသည့်အကြောင်းရင်းကိုလေ့
လာရာတွင် အစိုးရ website များသို့အွန်
လိုင်းတိုက်ခိုက်မှုများပြုလုပ်လာနိုင်သည့်
အန္တရာယ်ကို ထင်ဟပ်ပြခဲ့သော ဗီဒီယိုဖိုင်
တခုလွှင့်တင်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းဗီဒီယိုနှင့်
ပတ်သက်၍ လီရှန်လွန်းက မှတ်ချက်ပြော
ကြားခဲ့ခြင်းကြောင့် ယခုကဲ့သို့တိုက်ခိုက်ခံ
လိုက်ရခြင်းလည်းဖြစ်သည်။ပြီးခဲ့သည့်ကြာ
သာပတေးနေ့က ယင်းwebsite အတိုက်
ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး website ပေါ်ရှိအချက်
အလက်များအားလည်းပြောင်းလဲမှများဖြစ်
ပေါ်စေခဲ့သည်။Anonymous အဖွဲ့ကယင်း
website ပေါ်တွင် ၎င်းတို့၏မျက်နှာဖုံးပုံစံကို
တင်ပေးခဲ့ပြီး "ဒီနေ့စင်ကာပူနိုင်ငံသားဖြစ်ရ
တာ အကောင်းဆုံးပါပဲ"ဟူသောစာသားကို
ဝန်ကြီးချုပ် website ပေါ်တွင် ရေးသားခဲ့
သည်။စထရိတ်တိုင်းမ် website တိုက်ခိုက်
ခံရခြင်းနှင့်ပတ်သက်ပြီးAnonymous
ဟက်ကာအဖွဲ့သည် ပြီးခဲသည့်ရက်သတ္တ
ပတ်အတွင်း သြစတြေးလျစီးပွားရေးwebsiteများနှင့်ဖိ
လစ်ပိုင်အစိုးရ website များအပါအ၀င်
website ဆယ်ခုကျော်အားတိုက်ခိုက်ခဲ့
ကြောင်းလည်းသိရသည်။Anonymous
အဖွဲ့အပေါ် လီရှန်လွန်းက စိန်ခေါ်သည့်စ
ကားဖြင့်မှတ်ချက်ပြုခဲ့ခြင်းကြောင့် ယခုကဲ့
သို့ ၎င်းwebsite ကို တိုက်ခိုက်လိုက်ခြင်း
လည်းဖြစ်သည်။
No comments:
Post a Comment