Friday, October 17, 2014

အရက်မူးနေသော ယောကျာ်းဖြစ်သူက ဇနီးဖြစ်သူကို ဓားဖြင့်ထိုးသတ်

တောင်ငူ အောက်တိုဘာ ၁၇

ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ် အမှတ်(၃)နယ်မြေ ရဲစခန်း အပိုင် ညောင်ပင်သာ ကျေးရွာ၌ အောက်တိုဘာ ၁၂ ရက် ည ၇နာရီ ခွဲက လင်မယားချင်း ရန်ဖြစ်ရာမှ အမျိုးသမီး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်း ကျေးရွာ အုပ်စု ညောင်ပင်သာ ကျေးရွာနေ ထိန်လင်းဦး (ခ) ရွှေကို(၂၂ နှစ်)သည် အရက်မူးကာ နေအိမ်သို့ ပြန်ရောက် လာပြီး ဇနီးဖြစ်သူ မကြည်စန်း (၁၉ နှစ်)နှင့် လင်မယားချင်း စကားများ ခဲ့ရာမှ ထိန်လင်းဦး (ခ) ရွှေကိုက အရိုးအသွား ၁၇ လက်မခွဲရှိ ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။

ဓားဒဏ် ရာကြောင့် မကြည်စန်း၏ ဝဲနံကြား၊ ဝဲလက်မောင်း၊ ရင်ညွန့်၊ ဝဲလက်ဖျံ၊ ယာလက်ဖျံ တို့တွင် ဒဏ်ရာများရရှိပြီး နေအိမ်အတွင်း သေဆုံးခဲ့သဖြင့် တောင်ငူအမှတ်(၃) နယ်မြေ ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment