Thursday, October 2, 2014

ပြည်သူယုံကြည်အားကိုးလာအောင် ဆောင်ရွက်ဖို့ ရဲချုပ် တိုက်တွန်း

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ အများ ပြည်သူရဲ့ ယုံကြည်အားကိုးမှု ရရှိအောင် ဆောင်ရွက်ဖို့ လိုအပ် ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက တိုက်တွန်း ပြောကြား လိုက်ပါတယ်။

လူ့အဖွဲ့အစည်း အုပ်စုတွေ အကြား ဘက်မလိုက်ဘဲ ဒီမိုကရေစီ စနစ်နဲ့အညီ ပြည်သူတွေရဲ့ ယုံကြည်မှု ရအောင် ဆောင်ရွက်ကြဖို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ် ၅၀ပြည့် ရွှေရတုအခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

"ပြည်သူလူထူက ယုံကြည်စွာအပ်နှံထားတဲ့ လုပ်ပိုင်ခွင့်တွေကို ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်နေတာ ပေါ်လွင်နေအောင်ပြုလုပ်သွားမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဒီမိုကရေစီစနစ်နဲ့အညီ ပြည်သူတွေရဲ့ယုံကြည်ကိုးစားမှုကို ရယူတည်ဆောက်နိုင်ဖို့အတွက် လူ့အဖွဲ့အစည်းအတွင်း ပိုမိုထိရောက်ပြီး အကျိုးရှိတဲ့လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန်သာ အခြေခံအုပ်မြစ်ဖြစ်တဲ့ဆိုတဲ့ ဒီမိုကရေစီ ရဲလုပ်ငန်းစဉ်တစ်ခု ပြောင်းလဲတည်ဆောက်သွားကြဖို့၊ ဒီလိုတည်ဆောက်ကြရာမှာ လူ့အဖွဲ့အစည်းအကျိုးပြုတွေအကြား လွတ်လပ်တဲ့မျှတစွာ ဆက်ဆံရေးဆိုတဲ့ နည်းလမ်းနဲ့ အောင်မြင်အောင် ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်"

ဒါ့အပြင် အုပ်ချုပ်ရေးယန္တရားတိုးတက်ကောင်းမွန်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ကြဖို့ ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းစဉ်တွေကို မီဒီယာကတစ်ဆင့် ပြည်သူကို အသိပေးကြဖို့လည်း သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ် ၅၀ပြည့် ရွှေရတုအခမ်းအနားမှာ ထူးချွန်ရဲတပ်ဖွဲ့ဝင်တွေကို ဆုတံဆိပ်နဲ့ အဆင့်တိုးမြှင့်ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။


နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီနေ့နံနက်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ နှစ်၅၀ ပြည့် ရွှေရတုအခမ်းအနားကို ပြုလုပ်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို က ရွှေရတုအထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ ထူးချွန်ရဲတပ်ဖွဲ့ဝင်တွေကို ဆုချီးမြှင့်ခဲ့ပါတယ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment