Thursday, October 9, 2014

မလေးရှားတွင် ဗုံးကွဲမှုကြောင့် ၁ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ လက်ပစ်ဗုံးတလုံး ဒီနေ့ ပေါက်ကွဲခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရတယ်လို့ မလေးရှား ရဲအဖွဲ့က ပြောပါတယ်။

အရက်ဘားတခု အပြင်ဘက်မှာ မနက် ၄ နာရီခွဲက ပေါက်ကွဲတာလို့ ရဲအဖွဲ့က ပြောတာကို သည်စတား သတင်းစာမှာ ဖော်ပြပါတယ်။

ဒဏ်ရာရသူတွေထဲမှာ တရုတ် ၂ ဦး၊ စင်ကာပူ ၂ ဦး၊ ထိုင်း ၁ ဦးတို့ ပါဝင်တယ်လို့ ဆေးရုံကို ကိုးကားပြီး သည်စတား သတင်းစာမှာ ဖော်ပြပါတယ်။

ရဲအဖွဲ့က  မပေါက်သေးတဲ့ နောက်ဗုံးတလုံးကိုလည်း ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာပဲ တွေ့ခဲ့ပြီး စနက်တံ ဖြုတ်ခဲ့တယ်လို့ ပြောပါတယ်။

ပေါက်ကွဲမှုနဲ့ပတ်သက်လို့ ကောလာဟလတွေကို မဖြန့်ကြဖို့ အာဏာပိုင်တွေက ပြည်သူတွေကို တိုက်တွန်းပါတယ်။

လူမှုကွန်ရက် မီဒီယာတွေမှာ ပြန့်နေတဲ့ ကောလာဟလသတင်းတွေကို မယုံကြဖို့၊ သတင်းအမှန်သိချင်ရင် ရဲဌာနကို ဆက်သွယ်မေးမြန်းကြဖို့၊ အခြေအနေကို ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း၊ စုံစမ်းမှုတွေလည်း ဆက်လုပ်နေတယ်လို့ ကွာလာလမ်ပူရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment