မြန်မာနိုင်ငံရဲ့ သွင်းကုန်တွေ တစ်နေ့တခြား မြင့်မားလာပြီး အမေရိကန် ဒေါ်လာက
ဈေးခိုင် တောင့်တင်း လာတာကြောင့် မြန်မာ ကျပ်ငွေဟာ ပြီးခဲ့တဲ့ ၂ နှစ်ကာလ
အတွင်း အနိမ့်ဆုံး ဈေးကို ရောက်နေ တယ်လို့ ဗဟိုဘဏ် ဒုတိယ
အုပ်ချုပ်ရေးမှူး ဦးစက်အောင်က ပြောကြားကြောင်း ရိုက်တာ သတင်းဌာနက ရေးသား
လိုက်ပါတယ်။
အဲ့ဒီလို ဈေးကျနေတာဟာ ဒေသတွင်းက အိမ်နီးချင်းနိုင်ငံတွေက ငွေကြေးတွေနဲ့
ဆက်စပ်နေတာဖြစ်ပြီး ရှေ့လထဲမှာ ကျပ်ငွေဟာ ဈေးပြန်တက်လာစရာရှိတာကြောင့်
ဗဟိုဘဏ်အနေနဲ့ ဘာမှဝင်စွက်စရာ မလိုဘူး၊ အဓိက အကြောင်းရင်းက ကျပ်ငွေ
အားယုတ်သွားတာ မဟုတ်ပဲ ဒေါ်လာ ဈေးကောင်း လာတာ ဖြစ်တယ်လို့လည်း သူက
ပြောပါတယ်။
အမေရိကန် ဒေါ်လာနဲ့ လဲလှယ်နှုံးမှာ ကျပ်ငွေဟာ တနင်္လာနေ့မနက်ပိုင်းက ၁ဝဝ၃ ကျပ် ရှိခဲ့ပြီး မနေ့မနက်ကတော့ ၁ဝဝ၄ ဖြစ်သွားခဲ့ပါတယ်။
တနင်္လာနေ့က ပြင်ပဈေးကွက် ပုဂ္ဂလိကဘဏ်တွေမှာ အမေရိကန် ဒေါ်လာဟာ ဝယ်ဈေး ၉၉၄ ကျပ်ရှိပြီး ရောင်းဈေး ၁ဝဝဝ ရှိခဲ့ပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment