Monday, October 13, 2014

မဲသဝေါနယ်စပ်အနီး ထိုင်းဘက်က နယ်စပ်လုံခြုံ ရေးတိုးမြင့်

အောက်တိုဘာ - ၁၂ - ၂၀၁၄

မနေ့တနေ့က လှိုင်းဘွဲမြို့ နယ် မဲသဝေါဒေသမှာ မြန်မာစစ်တပ်နဲ့ ဒီကေဘီအေတို့အကြား တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် ဒေသခံရွာသား (၂၆၀) နယ်ခြား သောင်ရင်းမြစ်ကိုကျော်ပြီး ထိုင်းဘက်ခြမ်းကို တိမ်းရှောင်လာခဲ့ကြပါတယ်။

အဲဒီလူတွေကို ထိုင်းအာဏာပိုင်တွေက မနေ့က မြန်မာဘက်ခြမ်းကို ပြန်ပို့လိုက်ပြီး ဖြစ်ပါတယ်။

မြန်မာဘက်ခြမ်းမှာ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် ထိုင်းဘက်ကသူတို့နယ်စပ် လုံခြုံ ရေးအတွက် ဒီရက်ပိုင်းအတွင်းမှာ အချိန်ပြည့်နီးပါး နယ်စပ်ဝေဟင်နဲ့မြေပြင်ကို စောင့်ကြည့်လျှက်ရှိပါတယ်။

အခုတွေ့ရတဲ့ပုံတွေက မြန်မာဘက်ခြမ်း လှိုင်းဘွဲမြို့ နယ်မဲသဝေါဒေသနဲ့ကပ်လျှက် နယ်ခြားသောင်းရင်းမြစ်သာခြားတဲ့ ထိုင်းဘက်ခြမ်းထာ့ဆောင်ရမ်းမြို့ နယ်မှာရှိတဲ့ ထိုင်းမဲသဝေါရွာဖြစ်ပါတယ်။

အရင်ကလည်း မြန်မာဘက်ခြမ်းမှာ တိုက်ပွဲတွေဖြစ်ရင် မြန်မာမဲသဝေါရွာက ဒေသခံရွာသားတွေ ထိုင်းဘက်ခြမ်းက ထိုင်းမဲသဝေါရွာကိုဘဲ တိမ်းရှောင်လာကြပါတယ်။

အဲဒီနယ်စပ်ဒေသမှာနေတဲ့ ဒေသခံတွေကတော့ အဲဒီဒေသကို မဲသဝေါမြန်မာဘက်ခြမ်းနဲ့ မဲသဝေါထိုင်းဘက်ခြမ်းလို့ခေါ်ဆိုကြပြီး နယ်စပ်မျဉ်းအဖြစ် သောင်ရင်းမြစ်ခြားထားပါတယ်။


ပုံစာ - နှစ်နိုင်ငံနယ်စပ်ကို ရဟတ်ယာဉ်ပေါ်ကနေ ရိုက်ကူးထားတာပါ။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment