၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက သံတွဲမြို့နယ် သဗြုချိုင်နှင့် ဆင်ခေါင်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ဆူပူမူများနှင့် ပတ်သက်ပြီး ဆက်စပ် ဖမ်းဆီးခံထားရသူများအထဲမှ ဆင်ခေါင်း ကျေးရွာသား ကိုဇော်ဇော်ထွန်း (၃၀) နှစ်အား သံတွဲခရိုင် တရားရုံးမှ ယခုလ ၂၄ ရက်နေ့က ထောင်တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်။
“ ဒီထက်မက ရက်ရက်စက်စက် သတ်ဖြတ်မူတွေ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ထောင် ၁၀ နှစ် ၁၅ နှစ်နဲ့ ပိုင်းဖြတ်သွားမယ်ဆိုရင် လူနည်းစု မွတ်စလင်ဘာသာဝင်တွေအပေါ်မှာ မတရာရားကျပေမည်။ တစ်သက်တစ်ကျွန်း ခေါင်းစဉ်နဲ့ဝင်လာတော့ ဒါဟာ မျှတတဲ့ မှန်ကန်တဲ့လုပ်ရပ် ထင်တယ်” ဟု သံတွဲခရိုင်၊ ငပလီမြို့ရှိ အရပ်ဘက် လူမူ အဖွဲ့အစည်းမှ ဦးလှမော်ဦးက ဆိုသည်။
သံတွဲမြို့နယ်တွင် အောက်တိုဘာလ အရေးအခင်းမတိုင်မီ သြဂုတ်လအတွင်းက မွတ်စလင်ဘာသာဝင် ရခိုင်အမျိုးသား တစ်ဦးအား ကိုဇော်ဇော်ထွန်းကပင် ခေါင်းဖြတ်သတ်ခဲ့သည်ဟု ဆိုသည်။ ယင်းအမူတွင် ကျူးလွန်သူ ကိုဇော်ဇော်ထွန်းအား ထောင်တစ်သက်တစ်ကျွန်း ချမှတ်ခြင်းမှာ မျှတမူ ရှိသည်ဟု သူက နိုင်းယှဉ် သုံးသပ်ပြောဆိုသည်။
ယခု ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ် ခံလိုက်ရသူ ကိုဇော်ဇော်ထွန်းမှာ ဆင်ခေါင်းကျေးရွာတွင် မူးယစ်သောက်စားနေသူ လူမိုက်တဦး ဖြစ်ပြီး ယခု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မူ ရှိခဲ့ပြီး လူအခွင့်အရေးကို ကာကွယ်သည့် သဘောဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရသည်ဟု ဒေသခံများက ပြောဆိုသည်။
သံတွဲမြိ့နယ် သဗြုချိုင်နှင့် ဆင်ခေါင်ကျေးရွာတို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူအတွင်း လူ ၅ ဦးသေဆုံးခဲ့ပြီး အိမ် ၅၁ လုံး မီးရှို့ခံခဲ့ရကာ လူပေါင်း ၁၀၀ ကျော်အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်။
ယင်းအမူနှင့် ဆက်စပ်ပြီး လူပေါင်း ၂၃ ဦးကို ဖမ်းဆီးခဲ့ကာ ၁၃ ဦးကို ပါဝင်ပတ်သက်မူ မရှိသဖြင့် အမူမှ ကင်းလုံးကျွတ် ပြန်လွတ်ပေးခဲ့ပြီး ၁၀ ဦးအား ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်။
ထိုအထဲတွင် ကိုဇော်ဇော်ထွန်းအား ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် နောက်ထပ် (၉) ဦးအား ထောင် (၅) နှစ်စီ အသီးသီး ချမှတ်ခဲ့သည်။
No comments:
Post a Comment