Wednesday, October 1, 2014

နှစ် ၅၀ ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရွှေရတု ရန်ကုန်တွင် ကျင်းပ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ နှစ် ၅၀ ပြည့် ရွှေရတု နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီနေ့ နံနက်ပိုင်းက မူးယစ် ဆေးဝါး ပြတိုက်မှာ ကျင်းပ ခဲ့ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ရွှေရတု နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပနေသလိုပဲ ရန်ကုန်မြို့မှာလည်း ကျင်းပတာ ဖြစ်ပါတယ်။

ဒီမနက် ကျင်းပခဲ့တဲ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းစစ်ဌာနမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်၊ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူကြီး ၀င်းနိုင်တို့က တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့ မှုခင်းနှိမ်နင်းရေးမှာ ထူးချွန်စွာ ဆောင်ရွက်ခဲ့တဲ့ ရဲဝန်ထမ်းတွေကို ရာထူးတိုးခြင်းနဲ့ ဆုတံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment