Friday, October 10, 2014

ထိုင်းအသင်းနှင့် ပွဲစဉ်အတွက် မြန်မာယူ-၁၉ အသင်း သီးသန့် လေ့ကျင့်ခန်းများ ပြုလုပ်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၀။ မြန်မာယူ-၁၉ အသင်းနည်းပြ ဖရိုင်းဒရစ်သည် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်ပွဲစဉ်တွင် တိုက် စစ်ပိုင်းမှ ဂိုးများသွင်း ယူနိုင်ရန်အတွက် သီးသန့်လေ့ကျင့်ခန်းများ ပြုလုပ်သွားမည်ဟု ပြောကြားသွားခဲ့သည်။
Gard
ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသည့် မြန်မာအသင်း နည်းပြချုပ် မစ္စတာ ဂတ်ဇီဆီ။

ဖရိုင်းဒရစ်က“ကျွန်တော့်အသင်းရဲ့ တိုက်စစ်မှုးတွေဟာ ယီမင်နဲ့ပွဲမှာ ကံဆိုးမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ အောင်သူဆိုရင် ဒီပွဲမှာ ကောင်းကောင်း မကစား နိုင်ခဲ့ဘူး။ ဒါ့ကြောင့် ထိုင်းအသင်းနဲ့ ပွဲစဉ်မှာ အသင်းရဲ့တိုက်စစ် ကစား ပုံကိုပြင်ဆင်သွားပါမယ်။ သွင်းဂိုးတွေ ရယူနိုင်ဖို့ တိုက်စစ်မှုးတွေကို သီးခြားလေ့ကျင့်မှုတွေပြုလုပ်သွားမှာပါ”ဟု ပြော သည်။
မြန်မာအသင်းသည် ယီမင်အသင်းနှင့်ကစားခဲ့သောပွဲစဉ်တွင် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိအားပေးကစား နိုင်သော်လည်း တိုက်စစ်ပိုင်းက ဂိုးသွင်း ယူနိုင်ခဲ့ခြင်း မရှိသောကြောင့် ပွဲအပြီးတွင် ဂိုးမရှိသရေကျခဲ့သည်။ မြန်မာ အသင်းကစားပုံနှင့် ပတ်သက်၍ ယီမင်အသင်းနည်းပြ အာမက် အလီကာဆင် က“မြန်မာအသင်းဟာ  ကစားပုံမာကြော ပြီး ကြံ့ခိုင်မှုအားကောင်းပေမယ့် အဆုံးသတ်ပိုင်းအားနည်းတယ်လို့ သုံးသပ်မိပါတယ်”ဟု ပြောသည်။
ထို့အပြင် မြန်မာအသင်းနည်းပြ ဖရိုင်းဒရစ်သည် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် အုပ်စုဒုတိယပွဲစဉ်တွင် ထိုင်းအသင်းကို အနိုင်ရရှိအောင် ကစားသွား မည် ဖြစ်ကြောင်း၊ ထိုင်းအသင်းနှင့် (၃)ကြိမ်ရင်ဆိုင်ကစားထားပြီးဖြစ်၍ ထိုင်းအသင်းကို  မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို သိရှိထားကြောင်း ထပ်မံ ပြောကြား ခဲ့သည်။ မြန်မာယူ-၁၉ အသင်းသည် ထိုင်းအသင်းနှင့် နောက်ဆုံးသုံးကြိမ်တွေ့ဆုံခဲ့ရာတွင် မြန်မာအသင်းကနှစ်ပွဲအနိုင်ရရှိပြီး တစ်ပွဲရှုံးနိမ့်ထားသည်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment