Sunday, October 5, 2014

အထည်ဆိုင်ရှင် နှင့် အမျိုးသားတစ်ဦးတို့ စကားများရန်ဖြစ်ကာ လုံးထွေးသတ်ပုတ်စဉ် ဆိုင်ရှင်ဖြစ်သူ ဒဏ်ရာရသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၅

၎.၁၀.၂၀၁၄ရက်နေ့ ၁၇၀၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဦးကျင်သောင်းသည် နေအိမ်၌ရှိနေစဉ် သားဖြစ်သူ ဘိုဘို(ခ)ဝင်းထိုက်(၃၈)နှစ် အထည်ရောင်းသူမှာ ဒဏ်ရာရရှိကာ လေးထောင့်ကန်တိုက်နယ်ဆေးရုံသို့ ရောက်ရှိ နေကြောင်းသိရှိရ၍ သွားရောက်ကြည့်ရှုခဲ့ရာ ဘိုဘို(ခ) ဝင်းထိုက်တွင် ယာရင်အုံအောက်ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရ ပါသည်။

၎င်းမှ ဖြစ်စဉ်အားစုံစမ်းခဲ့ရာ ဘိုဘို(ခ)ဝင်းထိုက်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လေးထောင့်ကန်၊ စိုက်မွေး(၁)ရပ်ကွက်ရှိ ဈေးဆိုင်တန်းတွင် အထည်ရောင်းချနေစဉ် အသက်(၂၅)နှစ်ခန့်ရှိ အမည်မသိ အမျိုးသားတစ်ဦးနှင့် ဆိုင်ခန်းအတွင်း၌ စကားများရန်ဖြစ်ပြီး လုံးထွေး သတ်ပုတ်ခဲ့ကြစဉ် ဒဏ်ရာရ သေဆုံးခဲ့ခြင်း
ဖြစ်ကြောင်းသိရှိခဲ့ရသဖြင့် သားဖြစ်သူကို သေဆုံးအောင်ပြုလုပ်သူအား စုံစမ်းအရေးယူ ပေးရန်တိုင်တန်းချက်အရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း (ပ)၉၀၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment