Wednesday, October 8, 2014

လိပ်ကျွန်းလူသတ်မှု ထိုင်းအစိုးရသက်သေ ကိုမောင်မောင်ကို မေးမြန်းခွင့်ပြုပြီ

ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ ထိုင်းအစိုးရ သက်သေအဖြစ် ထိန်းသိမ်းထားတဲ့ အသက် ၂၁ နှစ်အရွယ် ကိုမောင်မောင် (ခေါ်) ကိုသန်းဆွေကို ထိုင်းရဲက  မြန်မာသံရုံး တာဝန်ရှိသူတွေနဲ့ ဒီကနေ့မနက် ကော့စမွီမြို့နယ်မှာ  တွေ့ဆုံခွင့် ပြုပါတယ်။

ဒီတွေ့ဆုံပွဲဟာ ဒီအမှုနဲ့ ပတ်သက်လို့ ဘာသာပြန်လည်းလုပ်ပြီး ရိုက်နှက်ရာမှာ ပါတယ်လို့ စွပ်စွဲခံရသူတဦးဖြစ်တဲ့ ကိုသားကြီးခေါ် ကိုအောင်ကိုဦးနဲ့  ရဲမှူးကြီးတဦးရှေ့မှာ ၂ နာရီကျော်ကြာ မေးမြန်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒုတိယအတွင်းဝန် ဦးထွန်းအေး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တမြန်နေ့က ကိုမောင်မောင်နဲ့ တွေ့ဆုံဖို့ တောင်းဆိုချက်ကို ရဲက ပယ်ချခဲ့ပြီး မနေ့ကတော့ အခင်းဖြစ်တဲ့ကျွန်းကို သွားရောက်ကြည့်ရှု့ပြီး မေးမြန်းစုံစမ်း မှတ်တမ်း ရယူခဲ့ပါတယ်။

မနေ့ညနေက အခင်းဖြစ်ရာကျွန်းကနေ ကော့စမွီကို ပြန်ရောက်ပြီး ဒီနေ့ မနက်မှာ မူလ တွေ့ဆုံခွင့်တောင်းထားတဲ့ ကိုမောင်မောင်နဲ့ တွေ့ဆုံဖို့ ထိုင်းရဲဘက်က စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့က ကိုမောင်မောင်ကို မေးမြန်းသလို ဘာသာပြန်သူကလည်း သံသယရှိသူတွေကို ဘာသာပြန်သူတွေကပါ ရိုက်တယ်လို့ ပြောကြားချက်နဲ့ ပတ်သက်လို့ ပြန်လည် မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီနေ့ တွေ့ဆုံခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ဒါရိုက်တာ ဦးကျော်သောင်းနဲ့ ရှေ့နေ ဦအောင်မျိုးသန့်တို့ကို ဒီမနက်မှာ မေးမြန်းထားပါတယ်။



ကိုမောင်မောင်ကို မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမေးမြန်းစဉ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment