Friday, October 10, 2014

မက္ကဆီကိုမှာ ပျောက်နေတဲ့ ကျောင်းသားတွေ ရှာဖွေ

မက္ကဆီကို နိုင်ငံ Guerrero ပြည်နယ်မှာ အရင်လက ရဲက ဖမ်းသွားတဲ့ ကျောင်းသား တွေရဲ့ ရုပ်အလောင်း တွေ မြှုပ်ထားရာ လို့ ယူဆရတဲ့ ကျင်းသစ်ကြီး ၄ ကျင်းကို ထပ်ပြီးတော့ ရှာတွေ့တယ် လို့ မက္ကဆီကို အာဏာပိုင် တွေက ပြောကြား လိုက်ပါတယ်။

အဖမ်းခံရတဲ့ ကျောင်းသား ၄၃ ယောက်ကို ရှာတွေ့ဖို့ Iguala မြို့နဲ့ အနားတဝိုက်မှာ ပိုက်စိပ်တိုက် ရှာဖွေ ခဲ့ရပါတယ်။

မီးလောင် ကျွမ်းထားတဲ့ အလောင်း ၂၈ လောင်းကို ခပ်တိမ်တိမ် တူးထားတဲ့ ကျင်း ၆ ကျင်း က နေပြီး အရင်ပတ်က တူးဖော် တွေ့ရှိ ခဲ့ပါတယ်။

ဒီအလောင်း တွေကို ဘယ်သူ ဘယ်ဝါ ဆိုတာ ဖော်ထုတ်နိုင်ဖို့ မှုခင်း ကျွမ်းကျင်သူ တွေက ဆောင်ရွက် နေကြပါတယ်။

ဒီအသစ် တွေ့ရှိတဲ့ ကျင်းသစ် တွေမှာ အလောင်း ဘယ်လောက် ရှိသလဲ ဆိုတာ ခုထိ မသိရသေးပါဘူး။


Iguala မြို့တဝိုက် ပိုက်စိပ်တိုက် ရှာဖွေ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment