Tuesday, October 7, 2014

ဘလော့မှာ နောက်ခံဒီဇိုင်းတွေကို အလွယ်ကူဆုံးထည့်ကြမယ်


 သည်နေ့တင်မဲ့ ပို့စ်လေးကတော့ ဘလော့မိတ်ဆွေအပေါင်းအတွက် မိမိတို့ ဘလော့ကိုနောက်ခံ ပုံစံဒီဇိုင်းဆန်းဆန်းလေးတွေနဲ့ အလှဆင်ဖို့ နောက်ခံ ပုံအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုး ရယူနိုင်တဲ့ ဆိုဒ်လေးကို
လမ်းညွှန်ပေးပါ့မယ်... ကုဒ်ယူနည်းလေးနဲ့တစ်ကွ ရှင်းပြထားပါတယ်...
ပထမဆုံး  သည်ကနေ  သွားလိုက်ပါနော်..
ရောက်တာနဲ့ အပေါ်ကပုံပြထားသလို background ဆိုတာကို ကလစ်ပါ။ ဒါဆို ပုံတွေ ရှိတဲ့နေရာကနေ
မိမိ နှစ်သက်တဲ့ ပုံကိုရှာလိုက်ပါ။ တွေ့ပြီဆိုတာနဲ့.. အဲပုံပေါ် ကလစ်လိုက်ပါ။
အဲခါမှာ အဲပုံလေးပေါ်လာမယ် အောက်နားမှာ ဆွဲချကြည့်လိုက်ပါ....
သည်လိုလေးတွေ့မယ်.. အပေါ်ဇယားကွက်ထဲက ကုဒ်တွေကိုဘဲ ကော်ပီ ကူးယူလိုက်ပါ။
ထည့်နည်းကတော့...
(၁) ဘလော့ကာဝင်လိုက်ပါ
(၂) ဘလော့ကာ layout ကိုကလစ်ပါ
(၃) Add a gadget ကိုကလစ်ပါ
(၄) Html/Javascript ကိုကလစ် ကျလာတဲ့ ဘောက်ထဲ စောစောက ကော်ပီယူတဲ့
ကုဒ်တွေကို ထည့် ပြီး save ပေးလိုက်ပါ...
ဒါဆို မိမိ ဘလော့နောက်ခံလေး လှပစွာ တွေ့ ရပါ့မယ်..
မလိုအပ်တော့ပါက ထည့်ထားတဲ့ နေရာကို edit ကလစ်ပြီး remove ပေးလိုက်ယုံပါဘဲ။
အဆင်ပြေချောမွေ့ပါစေ...ဗျာ.................



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment