Friday, October 10, 2014

သုံးခွမြို့နယ်တွင် လေပြင်းတိုက်ခတ်သဖြင့် တဲအိမ်များပျက်စီး

၉.၁၀.၂၀၁၄ရက်နေ့ ၀၂၀၀ အချိန်မှ ၀၄၀၀အချိန်အထိ သုံးခွမြို့နယ်၊ သမစိတ္တ ကျေးရွာ အုပ်စု၊ ဆားတလင်း ကျေးရွာတွင် လေပြင်း တိုက်ခတ်ခဲ့ သဖြင့် အဆိုပါ ကျေးရွာ၊ ပင်လယ်ကမ်းစပ် အနီးရှိ ရေလုပ်သားများ နေထိုင်သော တဲအိမ်များ ပျက်စီး သွားခဲ့ကြောင်း သိရှိ ရပါသည်။

ထိုသို့ လေပြင်း တိုက်ခတ်ခဲ့သဖြင့် ဆားတလင်းကျေးရွာ ပင်လယ်ကမ်းစပ်အနီးတွင် နေထိုင်သော ဦးလှထွေး၏ ဓနိမိုး၊ဓနိကာ တဲအပါအဝင်တဲ (၇)လုံးမှာ ပြိုကျပျက်စီးကာ ရေထဲသို့မျောပါသွားခဲ့ပြီး မွေးမြူထားသောဝက်(၄)ကောင်မှာ လည်း ပျောက်ဆုံးသွားခဲ့ကြောင်း၊ ၎င်းအပြင် ဦးမြင့်ဦး ၏ဓနိမိုး ဓနိကာ တဲအပါအဝင် တဲ(၃၂)လုံးမှာ အမိုးအကာများ ပျက်စီး သွားခဲ့ကြောင်းနှင့် လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။

အဆိုပါ လေပြင်း တိုက်ခတ်သဖြင့် ပျက်စီး ဆုံးရှုံးသွားခဲ့သော တဲအိမ်စုစုပေါင်း (၃၉)လုံးတို့တွင် နေထိုင်ကြသည့် လူဦးရေ(၁၇၁)ဦးတို့အား သုံးခွမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ အဖွဲ့များမှ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ဆန်၊ ခေါက်ဆွဲခြောက်၊ ရေသန့် စသည်များ ထောက်ပံ့ပေးခဲ့ကြောင်း၊ လေဘေးသင့် ပြည်သူများသည် ကျေးရွာ အတွင်းရှိ ၎င်းတို့၏ဆွေမျိုးမိတ်ဆွေများထံသို့ ပြောင်းရွှေ့နေထိုင်လျက်ကြောင်း သတင်းရရှိ ပါသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment