Monday, October 6, 2014

မင်းပြား စက်လှေမှောက်မှု ၂ ဦးသေ ၇ ဦးပျောက်ဆုံး

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ချော်ချောင်းကျေးရွာကနေ မင်းပြားမြို့ပေါ်ကို ဈေးဝယ်ထွက်တဲ့ စက်လှေတစ်စီး ဒီနေ့ နေ့လယ်ပိုင်းက နစ်မြုပ်ခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၇ ဦး ပျောက်ဆုံးနေပါတယ်။

မင်းပြားမြို့နယ် ကျေးရွာတွေကနေ လူ ၅၀ လောက်ကို တင်ဆောင်ပြီး မြို့ပေါ်ကို ဈေးလာဝယ်တဲ့ အဲဒီစက်လှေဟာ မင်းပြားမြို့နားအရောက် ပိုက်ကြိုးမှာငြိပြီး နစ်မြုပ်သွားတာဖြစ်တယ်လို့ မင်းပြားမြို့ နာရေးကူညီမှုအသင်း ဒုတိယဥက္ကဌ ဦးခင်ဇော်ဝင်းက ပြောပါတယ်။

ဒီနေ့ နေ့လည် ၃ နာရီကျော်အထိ ရရှိတဲ့သတင်းတွေအရ ပျောက်ဆုံးနေသူတွေထဲမှာ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၃ဦးပါဝင်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment