ဖြစ်စဉ်မှာ ကျောက်တံခါးမြို့ နယ် ပို့ခရီးရွာအနီး ရန်ကုန် - မန္တလေး ကားလမ်း(လမ်းဟောင်း) မိုင်တိုင်အမှတ် ၁၁၂/၇နှင့် ၁၁၃ အကြား တံတားအမှတ် ၃/၁၁၃ တံတားထိပ်တွင် ဦးမြင့်သန်းထွန်း မောင်းနှင်လာသည့် ဆိုင်ကယ်မှ ရှေ့ ကနေ စက်ဘီးနှင့် သွားနေတဲ့ ဦးရာဂျစ်ကူးမား အား တိုက်မိခြင်း ဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဦးရာရာဂျစ်ကူးမားတွင် ၀ဲဂျိုစောင်း ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး၊ ဆိုင်ကယ် မောင်းနှင်လာသည့် ဦးမြင့်သန်းထွန်း ကတော့ အရှိန်နှင့် တိုက်မိတဲ့ ဒဏ်ရာများကြောင့် အခင်းဖြစ် နေရာတွင်ပင် သေဆုံးခဲ့သည်။
ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ဦးမြင့်သန်းထွန်း(သေဆုံး)သွားသူကို ကျောက်တံခါး မြို့မရဲစခန်းမှ ယာဉ်(ပ)၃၆/၂၀၁၄ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အရေးယူထားကြောင်း စုံစမ်းသိရှိရသည်။
ပန်းချီသန်းဝင်း(ကျောက်ကြီးမီဒီယာ)


No comments:
Post a Comment