Thursday, October 2, 2014

အမေရိကန် ထောက်လှမ်းရေး ညွှန်မှူး နှုတ်ထွက်

အမေရိကန် နိုင်ငံမှာ သမ္မတ အိမ်ဖြူတော် အဆောက်အအုံ ဝန်းထဲ အပြင်လူ ကျူးကျော် ဝင်ရောက်လာမှု တခု ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ထောက်လှမ်းရေး အဖွဲ့ ညွှန်ကြားရေးမှူး Julia Pierson က သူ့မှာ တာဝန်ရှိကြောင်း ထုတ်ဖေါ် ဝန်ခံခဲ့အပြီး တရက် အကြာမှာပဲ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

သူအခုလို ရာထူးကနေ နှုတ်ထွက်သွားတာကို လက်ခံလိုက်ကြောင်း သူ့ရဲ့ အကြီးအကဲ ပြည်ထဲရေး လုံခြုံရေး ဝန်ကြီး Jeh Johnson က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဓါးတချောင်း ကိုင်ထားတဲ့ လူတဦး အိမ်ဖြူတော် မြက်ခင်းပြင်ကို ဖြတ်ပြီး ဟောင်းလောင်း ဖွင့်ထားတဲ့ အဆောက်အအုံ အရှေ့ပေါက်ထဲကို ဝင်ရောက်လာခဲ့တာပါ။

အဲဒီလူဟာ အိမ်ဖြူတော်ထဲက အခန်း အတော်များများကို ဖြတ်ကျော်ခဲ့ပြီး သမ္မတ နေတဲ့ တိုက်ခန်းဆီ သွားတဲ့ လှေကားကိုတောင် ဖြတ်သွားခဲ့တယ်လို့ ထုတ်ဖေါ် တွေ့ရှိခဲ့ရ အပြီးမှာ ထောက်လှမ်းရေး အဖွဲ့ရဲ့ ကနဦး ကြေညာချက်ထဲမှာ ဖေါ်ပြထားသလို အဲဒီလူကို အစောင့်တွေက ချက်ချင်းလိုလို တားဆီးနိုင်ခဲ့တယ် ဆိုတဲ့ အချက်ဟာ မှန်ကန်မှု မရှိဘူးဆိုတာ ပေါ်သွားခဲ့ပါတယ်။

အိမ်ဖြူတော်ထဲ ခိုးဝင်ခဲ့သူ အီရတ်စစ်ပွဲ စစ်မှုထမ်းဟောင်း အိုမာ ဂွန်ဇာလက်ဇ် ကတော့ လူသေစေနိုင်တဲ့ လက်နက် ကိုင်ဆောင်ပြီး တားမြစ် အဆောက်အအုံထဲ ဝင်ရောက်ခဲ့တယ် ဆိုတဲ့ စွဲချက်အပေါ် အပြစ်မရှိကြောင်း လျှောက်လဲထားပါတယ်။

အိမ်ဖြူတော်ဝန်းထဲ အပြင်လူ ဝင်လာတဲ့ ကိစ္စမှာ သူတာဝန်ရှိတယ်လို့ Julia Pierson ဝန်ခံ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment