Thursday, October 30, 2014

(၅)လွှာတိုက်ခန်းဝရန်တာ အုတ်ခုံပေါ်တွင်ထိုင်နေသူ အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၀

၂၉.၁၀.၂၀၁၄ ရက်နေ့ ၁၉၄၀ အချိန်တွင် ပန်းဘဲတန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမျိုးသမီးတစ်ဦး (၅)လွှာတိုက်ခန်းမှ ပြုတ်ကျသေဆုံးပြီး ရန်ကုန် ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့နေ မတင့်တင့်စိုး၊ (၂၀)နှစ်ဖြစ်ပြီး ၎င်းတွင် ပါးစပ်သွေးထွက်၊ မေးစေ့ကွဲ ဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိ ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် လွန်ခဲ့သော(၁)လခန့်မှစတင်၍ ပန်းဘဲတန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသမီး ဘော်ဒါဆောင်သို့ ရောက်ရှိနေထိုင်ခဲ့ကြောင်း၊ ၂၉.၁၀.၂၀၁၄ ရက်နေ့
၁၉၃၀ အချိန်တွင် ၎င်းနေထိုင်သော (၅)လွှာတိုက်ခန်း ၀ရန်တာ အုတ်ခုံတန်း ပေါ်တွင်ထိုင်နေရာမှ မြေပြင်ပေါ်သို့ပြုတ်ကျခဲ့ပြီး ဒဏ်ရာများရရှိကာ သတိလစ်နေသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ပန်းဘဲတန်းမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၄) ဖြင့် ရေးဖွင့် ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment