အောက်တိုဘာ ၄ ရက်နေ့က ဒီကေဘီအေ ဗိုလ်မှူးစောဆန်းအောင် အပါအ၀င် ဒုစစ်ဦးစီးချုပ်နဲ့ တပ်မမှူးတို့ဟာ အစိုးရတပ်နဲ့ တွေ့ဆုံပြီး ဒီကေဘီအေက သိမ်းယူထားတဲ့ လက်နက်တွေကို ပြန်လည်ပေးအပ်ဖို့အတွက် အစိုးရတပ်က ကမ်းလှမ်းထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ဒီကေဘီအေက အစိုးရတပ်ဘက်က လက်နက်တွေကို သိမ်းယူထားလိုက်ခြင်း ဖြစ်ပါတယ်။
အခု ဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ ငြိမ်းချမ်းရေးပျက်စီးစေမယ့် သေနတ်သံမဟုတ်ဘဲ အောက်ခြေမှာ မတရားဖိနှိပ်မှုတွေကို တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်အောင်ဆန္ဒတွေ ထုတ်ဖော်ပြတာ ဖြစ်တယ်လို့ ဗိုလ်မှူးစောဆန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

No comments:
Post a Comment