Monday, October 13, 2014

လောင်စာဆီ အခြင်အတွယ် ပြည့်၊ မပြည့် ၀ယ်သူကိုယ်တိုင် စစ်ဆေးနိုင်ပြီ

ပုဂ္ဂလိက လောင်စာဆီဆိုင်တွေမှာ ရောင်းချနေတဲ့ ဓာတ်ဆီနဲ့ ဒီဇယ်ဆီတွေ အခြင်အတွယ် ပြည့်၊ မပြည့် ၀ယ်ယူသူကိုယ်တိုင် စစ်ဆေးနိုင်အောင် စံခွက်တွေ ထားရှိဖို့ ညွှန်ကြားထားပြီး ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

CNG 3 copy၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်ကြောင့် ရန်ကုန်က ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် အများစုမှာ ၄ ဂါလန် စံခွက်နဲ့ ၂၀ ဂါလန် စံခွက်တွေကို ထားရှိပေးတာ တွေ့ရပြီး ၀ယ်ယူသူတွေ အနေနဲ့ သံသယရှိရင် ပန့်က ထွက်တဲ့စက်သုံးဆီကို ခွက်ထဲထည့်ပြီး စမ်းသပ်နိုင်ကြပြီလို့ အငှားယာဉ်မောင်းတွေ က ပြောပြကြပါတယ်။

စက်သုံးဆီ အရည်အသွေးနဲ့ ပတ်သက်လို့ကတော့ ၀ယ်ယူသူ ပြည်သူတွေအနေနဲ့ စစ်ဆေးလို့ မရနိုင်တာကြောင့် စွမ်းအင်ဝန်ကြီးဌာနကပဲ ရွှေ့လျားဓာတ်ခွဲခန်းတွေ အသုံးပြုပြီး ပုံမှန် စစ်ဆေးပေးသွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment