Wednesday, October 29, 2014

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဆန်ကာတင်စာရင်း ထုတ်ပြန်

ဇန်န၀ါရီ ၁၂ ရက်နေ့ ကြေညာမယ့် ၂၀၁၄ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ကာတင် ၂၃ ယောက် စာရင်းကို ထုတ်ပြန်လိုက်ရာ ကမ္ဘာ့ဖလားရ ဂျာမနီအသင်းက ၆ ဦး ပါဝင်ခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဖိလစ်လမ်း၊ ဂေါ့ဇီ၊ ခရူးစ်၊ မူလာ၊ နူအာနှင့် ရှဝိန်းစတိုင်ဂါတို့ ပါဝင်ခဲ့တာပါတယ်။

ဒါပေမယ့် အများစုကတော့ ၂၀၁၃ ဆုရှင် စီရိုနယ်ဒို နဲ့ ၄ ကြိမ် ဆုရဖူးတဲ့ လီယွန်နယ် မက်ဆီတို့ပဲ အကောင်းဆုံး ဘောလုံးသမားဆု လုရလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။။

ဒီဆုအတွက် ကမ္ဘာတ၀ှမ်းက လက်ရွေးစင်အသင်းနည်းပြတွေ၊ အသင်းခေါင်းဆောင် တွေနဲ့ နိုင်ငံတကာ အားကစား မီဒီယာတွေက မဲစနစ်နဲ့ မဲပေးရွေးချယ်ကြတာပါ။

အဲဒီထဲက မဲအများဆုံးရ သူ ၃ ဦးကို ဖီဖာက ကြေညာပေး မှာ ဖြစ်ပါတယ်။

အခု ပထမ ဆန်ကာတင်စာရင်းမှာပါတဲ့ အခြားကစားသမားတွေကတော့ ရီရဲလ်က ဂါဂတ် ဘေးလ်နဲ့ ဘင်ဇီမာ၊ ချဲလ်ဆီး တိုက်စစ်မှူး ကော့စတာ၊ မန်ယူက ဒီမာရီယာ၊ ချဲလ်ဆီးက ဟာဇက်၊ ဘာစီလိုနာက နေမာတို့ ပါဝင်နေပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment