Friday, October 10, 2014

အင်ဒိုနီးရှားကို အနိုင်ကစားပြီး အဖွင့်လှခဲ့တဲ့ ဥဇဘက် ကစ္စတန်

ရန်ကုန်၊ အောက်တိုဘာ ၁၀။ အာရှယူ-၁၉ ပြိုင်ပွဲရဲ့ အုပ်စု(ခ)ပွဲစဉ်များရဲ့ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဥဇဘက် ကစ္စတန်အသင်းနဲ့ အင်ဒိုနီးရှား အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဥဇဘက်ကစ္စတန် အသင်းက အသင်းကြီး တစ်သင်းရဲ့ခြေစွမ်းနဲ့ တည်ငြိမ်မှုကို ပြသနိုင်ခဲ့ပြီး အင်ဒိုနီးရှား အသင်းကို ၃-၁ဂိုးနဲ့ အနိုင်ရရှိ ခဲ့ပါတယ်။
 UZBcele
အဖွင့်ဂိုး သွင်းပြီးနောက် အောင်ပွဲခံနေသည့် ဥဇဘက် တိုက်စစ်မှူး ယူရင်ဘော့။

ဥဇဘက်ကစ္စတန် အသင်းဟာ ပွဲစတာနဲ့ အင်ဒိုနီးရှားအသင်းကို ထိုးဖောက်ကစားခဲ့ပြီး ပွဲချိန် (၃)မိနစ်အတွင်းမှာပဲ အင်ဒိုနီးရှား အသင်းဘက်ကို ဂိုးသွင်း ခွင့်တွေ ဖန်တီးနိုင်ခဲ့ ပါတယ်။ ဥဇဘက်ကစ္စ တန်အသင်းဟာ ဒီပွဲစဉ်မှာ တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ ကစားကွက်ပုံဖော်ရာမှာတော့ အင်ဒိုနီးရှား အသင်းထက် ပိုမို ကောင်းမွန်ခဲ့ ပါတယ်။ ပွဲချိန်(၁၅)မိနစ်မှာတော့ အင်ဒိုနီးရှားအသင်းဟာ တန်ပြန်တိုက်စစ် ကနေ ထိုးဖောက်ဖို့ကြိုးစားခဲ့ပေမယ့် ကွင်းလယ် ကစားသမား ဟာဂီအန်တို အနေနဲ့ နောက်ခံလူတွေ ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိတာကြောင့် အင်ဒိုနီးရှားအသင်းနစ်နာခဲ့ပါတယ်။ ပွဲချိန်(၁၈)မိနစ်မှာတော့ ဥဇဘက် ကစ္စတန် အသင်း ဦးဆောင်ဂိုး ရရှိခဲ့ ဒီဂိုးကိုတော့ တိုက်စစ်မှုး ကမ်ဒါမော့ဗ်က အနီးကပ်ပိတ် သွင်းခဲ့တာပါ။ ပွဲချိန်(၂၁)မိနစ်မှာလည်း ဥဇဘက် ကစ္စတန် အသင်း ပင်နယ်တီကန်ခွင့် ရရှိခဲ့ပြီး ရရှိခဲ့ပြီး ဒီဂိုးကို ယူရင်ဘော့ကပွဲချိန်(၂၂)မိနစ်မှာ အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့တာကြောင့် ဥဇဘက် ကစ္စတန် အသင်း ဒုတိယဂိုး ရရှိသွားခဲ့ပါတယ်။ အင်ဒိုနီးရှားအသင်းကတော့ ဦးဆောင်ဂိုးနှစ်ဂိုးပေးခဲ့ရပြီးတဲ့ နောက်ပိုင်းမှာ တိုက်စစ်ကို မြှင့်တင်ခဲ့ ပေမယ့် ထိရောက်တဲ့ ထိုးဖောက်မှုမျိုးကိုတော့ မလုပ်ဆောင်နိုင် ခဲ့ပါဘူး။ ပွဲချိန်(၃၄)မိနစ်မှာလည်း ဥဇဘက်ကစ္စတန်အသင်းတိုက်စစ်မှုး ယူရင်ဘော့ အပိုင်အ ခွင့်အရေး တစ်ကြိမ်ရရှိခဲ့သေးပေမယ့် ကန်ချက်က လွဲချော်ခဲ့တာကြောင့် ဥဇဘက်ကစ္စတန်တို့ တတိယဂိုး ရရှိမယ့် အခွင့်အရေးကို လက်လွှတ် ခဲ့ရပါတယ်။ ပွဲချိန်(၃၇) မိနစ်မှာလည်း အင်ဒိုနီးရှားတို့ ထောင့်ကန် ဘောကနေ ခေါင်းတိုက်ခွင့် ရရှိခဲ့ပေမယ့် ခေါင်းတိုက်ချက်ဟာ ဂိုး ဘားပေါ်ကျော်သွားခဲ့ တာကြောင့် ချေပဂိုး နဲ့ ဝေးခဲ့ရပြီး ပထမပိုင်း ပွဲကစားချိန်အပြီးမှာတော့ ဥဇဘက် ကစ္စတန်အသင်းက (၂-၀)ဂိုးနဲ့ အနိုင်ရရှိနေခဲ့ပါတယ်။
ပွဲချိန်(၅၃)မိနစ်မှာလည်း ယူရင်ဘော့ အင်ဒိုနီးရှားဂိုးဧရိယာထဲမှာ အနီးကပ်ကန်သွင်းခွင့် ထပ်မံရရှိခဲ့ ပေမယ့်လွဲချော်ခဲ့ရပါတယ်။ ပွဲချိန်(၅၇)မိနစ်မှာတော့ အင်ဒိုနီးရှားအသင်းချေပဂိုးတစ်ဂိုးရရှိခဲ့ပြီး ဒီဂိုးကို တော့ လူစားဝင်ကွင်းလယ်ကစားသမား ပေါ်လိုက အဝေးကနေ ကန်သွင်းခဲ့တာပါ။ ဒုတိယပိုင်းမှာ တော့ အင်ဒိုနီးရှားအသင်းဟာ ဥဇဘက်ကစ္စတန်အသင်းဘက်ကို ပထမပိုင်းကထက် ပိုမိုခြိမ်းခြောက်မှု တွေပြုလုပ်လာနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပါတယ်။ ဥဇဘက် ကစ္စတန်အသင်းကလည်း တောင်ပံတွေကနေတစ်ဆင့် တိုက်စစ်ဆင်မှုတွေပြုလုပ်နေခဲ့ပြီး ဖန်တီးမှုကောင်းတွေ ပြုလုပ်နေနိုင်ခဲ့ပါ တယ်။ ပွဲချိန် (၈၃)မိနစ်မှာ အင်ဒိုနီးရှားကွင်းလယ်ကစားသမား အေဟမ်ဧရိယာထဲမှာ အကောင်းဆုံး အခွင့်အရေး ရရှိခဲ့ပေမယ့် တုန့်ဆိုင်းနေခဲ့တာကြောင့် ဒုတိယချေပဂိုး ရရှိမယ့် အခွင့်အရေးကို လက် လွှတ်ခဲ့ရပါတယ်။ ပွဲချိန်(၈၆)မိနစ်မှာတော့ ဥဇဘက်ကစ္စတန်အသင်းရဲ့ ကွင်းလယ်ကစားသမား ရှူဘူရော့ဗ်က အဝေးကန်ချက် နဲ့ တတိယဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဥဇဘက်ကစ္စတန်တို့ တတိယဂိုး ရရှိသွားခဲ့ပြီး ပွဲအပြီးမှာ ဥဇဘက်ကစ္စတန်အသင်းက (၃-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စုအဖွင့်ပွဲစဉ်မှာ ရလဒ်ကောင်းတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment