Sunday, October 26, 2014

မလယ်ကျေးရွာ မိုးဆုတောင်းဘုရား ဆင်းတုတော်သုံးဆူပျောက်ဆုံး (ပေးစာ)

 သို့

ဆည်းဆာ

အယ်ဒီတာခင်ဗျား..

လူကြီးမင်းမှ တဆင့် တာဝန်ရှိ လူကြီးမင်းများ သိစေ၇န် တင်ပြအပ်ပါသည်။


စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာတွင် ရှိသော မိုးဆုတောင်းဘုရား မှာ မလယ်ကျေးရွာနေ ကျေးရွာသူ ကျေးရွာသားများက မိုးခေါင်သော နှစ်များတွင် ဘုရားရေသပ္ပာယ်ခြင်း ဘုရား ပတ်လည် ကွင်းပြင်တွင် လွန်ဆွဲခြင်းများ အစဉ်အလာမပျက် ယုံကြည်စွာဖြင့် ပြုလုပ်သော ဘုရားဖြစ်ပါတယ်။ မိုးဆုတောင်း ဘုရား ပရ၀ုဏ်အတွင်းမှာ စေတီသုံးဆူရှိပါတယ်။ ၉-၁၀-၂၀၁၄ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ ညက မိုးဆုတောင်း ဘုရား စေတီသုံးဆူမှ ဘုရားဆင်းတုတော်(၃)ဆူ ပျောက်ဆုံးသွားခဲ့ပါတယ်။


မလယ်ကျေးရွာမှာ တည်ထားကိုးကွယ်ခဲ့တဲ့ မိုးဆုတောင်း ဘုရားဟာ မြန်မာပြည်မှာ တန်ခိုးကြီးဘုရားတစ်ဆူမဟုတ်ပေမဲ့ အလွန် ရှားပါးတဲ့ သမိုင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ ဘုရားမှာ ရှိတဲ့ ဒုတိယကမ္ဘာစစ် က ဗုံးဒဏ်နဲ့ ကျိုးပြတ်နေတဲ့ ကျောက်စာအရ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က အင်္ဂလိပ်လူမျိုး သစ်တောအရာရှိ မစ္စတာ ဘွိုက်(အဲဒီခေတ် ရွာကခေါ်ခဲ့တာ ဘွိုက်သခင်) နှင့် ဇနီး ဒေါ်အံ့ တို့ က တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားစေတီဖြစ်နေပါတယ်။ မြန်မာပြည်မှာ ကိုလိုနီခေတ်က အင်္ဂလိပ် တစ်ဦးက ကိုယ်တိုင် ဘုရားဒကာအဖြစ် တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားစေတီဆိုတာ အလွန်အင်မတန်မှ ရှားပါးပါလိမ့်မယ်။ အခု အဲဒီ ရှားရှားပါးပါး သာသနာ့ နယ်မြေက ဘုရားဆင်းတုတော်များ ပျောက်ဆုံးခဲ့ပါပြီ။

အဲဒါအပြင် မြန်မာ့ဆက်သွယ်ရေးက GSM တာဝါတိုင်ကို ဘုရား ပရ၀ုဏ်အတွင်း ဆောက်လုပ်ပြီး သမိုင်းအစဉ်အလာကို ဖျက်ပါတယ်……….မလယ်ကျေးရွာပါတ်ဝန်းကျင် တ၀ိုက် က စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အရှေ့ဘက် ခြမ်း ဧရာဝတီမြစ်ဘေးမှာဆိုတော့.... စစ်ကိုင်းတိုင်းဒေသကြီးက တရုတ်ပြည်ကိုသွားတဲ့ နွားမှောင်ခိုတွေရဲ့ လမ်းကြောဖြစ်နေပါတယ်.. ညစဉ် ညတိုင်း နွားမှောင်ခိုတွေ လှုပ်ရှားသွားလာနေသလို  မှောင်ခိုလမ်းကြောင်းကျနေတော့ မူးယစ်ဆေးဝါးတွေပါ ကျေးရွာ လူငယ်ထုအတွင်း စိမ့်ဝင်လာနေပါတယ်..သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများက မှောင်ခိုလမ်းကြောင်းက လာဒ်ငွေထက် ကျေးရွာ လုံခြုံရေးနှင့် လူငယ်များ အနာဂါတ်ကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ထင်ပါတယ်……

မလယ်ကျေးရွာသား





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment