Sunday, October 26, 2014

ပိုးသတ်ဆေးရည်ဗူးအား ရေဗူးနှင့်မှားယွင်း သောက်မိသဖြင့် သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၅

၂၄.၁၀.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန် တိုက်ကြီးမြို့နယ်၊ ဥက္ကံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တိုက်ကြီးမြို့နယ်၊ လွှစာအင်းကျေးရွာနေ မောင်ဆန်းဝေဖြိုး (၁၅)နှစ်သည် ပိုးသတ်ဆေးရည်အား ရေဗူးနှင့် မှားသောက်မိသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ သေဆုံးရောက်ရှိလာကြောင်း အကြောင်းကြားချက်အရ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက် စစ်ဆေးခဲ့ရာ ၀၉၃၀အချိန်ခန့်တွင် သေဆုံးသူ မောင်စန်းဝေဖြိုးသည် လွှစာအင်း ကျေးရွာမြောက်ဘက်ရှိ ကြက်ခြံဝင်း အတွင်း မြက်ရိတ်ပြီး ကြက်ခြံအိပ်စင်ပေါ်ရှိ ဖော်မလင်ကြက်ခြံ သုံးပိုးသတ် ဆေးရည်အား ရေဗူးနှင့်မှားယွင်း သောက်မိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းခရီးတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဥက္ကံနယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၇/၂၀၁၄)ဖြင့် ရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment