Saturday, October 11, 2014

အသတ်ခံရသူ လိင်အင်္ဂါပြောင်း အင်ဒိုနီးရှား အမျိုးသမီးအတွက် ဆုတောင်းပွဲပြုလုပ်

သြစတြေလျ နိုင်ငံမှာ အသတ်ခံရတဲ့ အင်ဒိုနီးရှား အမျိုးသမီးအတွက် ရည်စူးတဲ့ ဆုတောင်းပွဲတခု မနေ့က ပြုလုပ်ခဲ့ပါတယ်။

ယောက်ျားဘ၀နေ မိန်းမဘ၀ဖြစ်အောင် လိင်ပြောင်းထားတဲ့ မာယံ ပရာစက်ယို အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ရဲအဖွဲ့က ဆက်လက်စုံစမ်းနေတယ်လို့ မီဒီယာတွေက ဆိုပါတယ်။

ဆုတောင်းပွဲကို  ဘရစ်စဘိန်းမြို့မှာရှိတဲ့ လိင်ပြောင်းထားသူများ အသိုက်အ၀ိုင်းက စီစဉ်တာပါ။

မာယံပရာစက်ယိုအ တွက် အောက်မေ့ဖွယ်ဖြစ်သလို အိမ်တွင်းအကြမ်းဖက်မှုကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တယ်လို့ ဆုတောင်းပွဲကို လာသူ တဦးက ပြောပါတယ်။

အင်ဒိုနီးရှား အမျိုးသမီးနဲ့ သူရဲ့ ရည်းစားတို့ နေထိုင်တဲ့ တိုက်ခန်းဆီကို ရဲတွေ ရောက်သွားတဲ့အချိန်မှာ အသက်သုံးဆယ်ဝန်းကျင် သူ့ရည်းစားက အနောက်တံခါးကနေ ထွက်ပြေးသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။

အင်ဒိုနီးရှား အမျိုးသမီးရဲ့ ရည်းစားဖြစ်သူ မာကက်ဗော့ကီဟာ စားဖိုမှူးလို့ သိရပါတယ်။  နောက်တော့ သူ့ကိုယ်သူလည်း သတ်သေသွားပုံရပြီး အလောင်းကိုတော့ အမှိုက်ပုံမှာ တွေ့ခဲ့ရပါတယ်။

သူတို့ စုံတွဲနေထိုင်တဲ့ အခန်းကနေ အနံ့ဆိုးတွေ ထွက်ပေါ်နေတာကို ပတ်ဝန်းကျင်မှာ နေထိုင်သူတွေက အကြောင်းကြားလို့ ရဲက ရောက်သွားတဲ့အချိန်မှာ အင်ဒိုနီးရှား အမျိုးသမီးရဲ့ အလောင်းကို အမှိုက်အိတ်ထဲမှာ တွေ့ရပြီး မီးဖိုပေါ်မှာ ကြီးမားတဲ့ အိုးကြီးတလုံးကို တွေ့ခဲ့တယ်လို့ ရဲက ဆိုပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment