
ယင်းဒဏ်ရာမှာ သိပ်ပြင်းထန်မှုမရှိကြောင်း ထုတ်ပြန်ထားသော်လည်း ကစားသမား ဒဏ်ရာရရှိမှုများ မြင့်တက်နေသည့် အာဆင်နယ် အသင်းမှ နည်းပြ၀င်းဂါး အတွက် ခေါင်းခဲစရာဖြစ်လာခဲ့သည်။
ကွင်းလယ်ကစားသမားအိုဇေးလ်မှာလည်း ဘယ်ဘက်ဒူးဒဏ်ရာကြောင့်ဂျာမနီအသင်းမှပြန်လွှတ်ခံထားရပြီးသုံးလခန့်အ နားယူရဖွယ်ရှိနေသည်။ ကိုစီရယ်နီ၏ဒဏ်ရာနှင့်ပတ်သက်၍ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က "တနင်္လာနေ့မှာ ပြင်သစ်အသင်းကိုရောက်လာကတည်းကကိုစီရယ် နီမှာ လအတန်ကြာခံစားခဲ့ရတဲ့ ခြေဖနောင့်ကြောဒဏ်ရာတွေ ရှိနေခဲ့ပါ တယ်။ သုံးရက်အကြာမှာလည်း ကစားသမားနဲ့ ပြင်သစ်အသင်းဆရာဝန်၊ နည်းပြဒက်စ် ချမ့်တို့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ကိုစီရယ်နီကို ကလပ်အသင်းထံပြန်လည်စေလွှတ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်"ဟု ကြေညာခဲ့သည်။
အာဆင်နယ်အသင်းသည် ကိုစီရယ်နီ၏ဒဏ်ရာပြင်းထန်မှုမရှိစေရန် မျှော်လင့်နေပြီး လာမည့်တစ်ပတ်နေနေ့တွင် ဟားလ်စီးတီး အသင်းနှင့်ကစားမည့် ပရီးမီး ယားလိဂ်ပွဲစဉ်တွင်ပါဝင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ဗဟိုနောက်ခံလူကိုစီရယ်နီသည် ပြင်သစ်အသင်းမှ ပြန်လွှတ်ခံရခြင်းမှာကြိုတင်ကာကွယ်ကုသနိုင် ရန်အတွက်သာပြန်လည်စေလွှတ်ခြင်းဖြစ်သည်။ ပြင်သစ်အသင်းသည် ယူရို ၂၀၁၆ပြိုင်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကစားရမည်ဖြစ်သောကြောင့် ခြေစစ်ပွဲကစား ရန်မလိုအပ်ပေ။ အာဆင်နယ်အသင်းတွင် အဓိက ကစားသမားအတော် များများမှာ ဒဏ်ရာကြောင့် အနားယူနေရသည်။
No comments:
Post a Comment