Wednesday, October 8, 2014

လယ်သမားတွေဖက်က တင်ပြချက် သဲကုန်းမြို့နယ် တရားရုံးပယ်ချ

ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေထဲ ၀င်ရောက်ထွန်ယက်မှုနဲ့ တရားစွဲခံထားရတဲ့ လယ်သမား ငါးဦးအမှုအတွက် ပြည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ သဲကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်တို့ကို သက်သေအဖြစ် စစ်ဆေးပေးဖို့ လယ်သမားတွေဖက်က တင်ပြတာကို သဲကုန်းမြို့နယ် တရားရုံးက ဒီနေ့ ပယ်ချခဲ့ပါတယ်။

အဲဒီလို ပယ်ချက်လိုက်တဲ့အတွက် ပြည်ခရိုင်တရားရုံးမှာ ထပ်မံတင်ပြသွားမယ်လို့ အဲဒီအမှုကို ကူညီပေးနေတဲ့ ရှေ့နေ ဦးမြင့်အေးက ပြောပါတယ်။

"သူတို့ရဲ့ လွှတ်တော်အမတ်ကို အားကိုးတယ်ပေါ့ဗျာ၊ သူတို့ကို သက်သေပြမှသာ ဒီလယ်သမားတွေ လွတ်မြောက်ရေးက ပေါ်ပေါက်မယ်၊ ဥပဒေအရ ပြည်ခရိုင်တရားရုံးကို ပြင်ဆင်မှုတက်ရမယ်၊ "

အဲ့ဒီလယ်သမား ငါးဦးဟာ ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတာ ဖြစ်တဲ့အတွက်ကြောင့် သက်သေနှစ်ဦးကို ပယ်ချခံတာဖြစ်တယ်လို့ ရှေ့နေ ဦးမြင့်အေးက ဆိုပါတယ်။

သဲကုန်းမြို့နယ် အောင်ကုန်း၊ သင်တော၊ ကဇွန်းအင်း၊ ယင်းတိုက်တန်းနဲ့ နှောကုန်းရွာ ၅ ရွာက လယ်မြေဧက ၅၀၀၀ ကျော်ကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၈ဝ က စစ်တပ်ရန်ပုံငွေအတွက်ဆိုပြီး ၂ဝဝဝ ခုနှစ်က သိမ်းဆည်းခဲ့တဲ့အတွက် လယ်သမားတွေကသူတို့ လယ်တွေပြန်ရဖို့  တောင်းဆိုရင်း အခုလို တရားစွဲဆိုခံခဲ့ကြရတာ ဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment